သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား သမ္မတသစ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း Subianto ကျမ်းသစ္စာကျိန်ဆို


အင်ဒိုနီးရှား သမ္မတသစ် Subianto
အင်ဒိုနီးရှား သမ္မတသစ် Subianto

အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတသစ်အဖြစ် Prabowo Subianto ဒီကနေ့ပဲ ကျမ်းသစ္စာကျိန်ဆို လိုက်ပါတယ်။ ရိုးရာဝတ်စုံ ဝတ်စားထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Subianto လွှတ်တော်ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပြီး ကမ္ဘာမှာ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ၈ ယောက်မြောက်သမ္မတ ဖြစ်လာခဲ့တာပါ။

ကျောင်းသားတွေအတွက် အခမဲ့ စားစရာပေးမယ့် မူဝါဒတွေအပြင်၊ ရာထူးကထွက်တော့မယ့် သမ္မတရဲ့ သားဖြစ်သူကို ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့တဲ့ အသက် ၇၃ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီးဟောင်းဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၆၀ ရာခိုင်နှုန်းနီးပါးနဲ့ အနိုင်ရခဲ့ပါတယ်။

အရင်က သမ္မတအဖြစ် ၂ ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပေမဲ့ ရှုံးနိမ့်ခဲ့တဲ့ Subianto ဟာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် လွှတ်တော်မှာပြောတဲ့ မိန့်ခွန်းထဲ သူ့ကို ထောက်ခံမဲ မပေးခဲ့သူတွေအပါအဝင် အင်ဒိုနီးရှား ပြည်သူအားလုံးအတွက် အလုပ်အကျွေးပြုမယ်လို့ ကတိပြုခဲ့တာပါ။

တိုင်းပြည်တိုးတက်ရေးမှာ အဟန့်အတား ဖြစ်နေတဲ့ ပြည်တွင်းရေး ပြဿနာတွေအဖြစ် အကျင့်ပျက်ခြစားမှု၊ ကလေးတွေ အဟာရမပြည့်ဝမှု၊ စာသင်ကျောင်းတွေမှာ ချို့တဲ့မှုတွေ ရှိနေတာကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သူ့အရင် တာဝန်ယူခဲ့တဲ့ သမ္မတ Joko Widodo ရဲ့ အငယ်ဆုံးသား Gibran Rakabuming Raka လည်း ပါဝင်ခဲ့တာပါ။

လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သမ္မတနန်းတော်ကို အခမ်းအနားနဲ့ သွားရောက်ရာမှာတော့ ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေက လမ်းဘေးကနေ အလံတွေဝှေ့ယမ်း ကြိုဆိုခဲ့ကြပါတယ်။

Forum

XS
SM
MD
LG