သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျ ထိုင်ဝမ်သမ္မတဟောင်း သေကြောင်းကြံဖို့ ကြိုးစား


ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတဲ့ ထိုင်ဝမ်သမ္မတဟောင်း (၆ ဇန်နဝါရီလ ၂၀၁၂)
ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတဲ့ ထိုင်ဝမ်သမ္မတဟောင်း (၆ ဇန်နဝါရီလ ၂၀၁၂)
ထိုင်ဝမ်မှာ အကျဉ်းချခြင်း ခံနေရတဲ့ သမ္မတဟောင်း ချမ်ရွှေဗြန်း (Chen Shui-bian) ဟာ သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ထိုင်ဝမ်အလယ်ပိုင်းမှာရှိတဲ့ ထိုင်ချွန်း အကျဉ်းထောင်မှာ တနင်္ဂနွေနေ့ညက အခုလို သေကြောင်းကြံဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ထိုင်ဝမ်တရားရေး ဝန်ကြီးဌာနက ဒီကနေ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူဟာ မျက်နှာသုတ်ပုဝါကို အသုံးပြုပြီး သေကြောင်းကြံဖို့ ကြိုးစားခဲ့တာမှာ အကျဉ်းထောင်အတွင်း ရေချိုးခန်းအစောင့်တွေက ဟန့်တားနိုင်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မျက်နှာသုတ်ပုဝါကို ဘယ်ပုံဘယ်နည်း အသုံးပြုခဲ့တယ် ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားခြင်းမရှိပါဘူး။ သူဟာ အကျဉ်းထောင်ဆေးရုံမှာ ရောက်ရှိနေပြီးတော့ အခုအခါ စိတ်တည်ငြိမ်မှု ရှိနေတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

မစ္စတာ ချမ်ရွှေဗြန်း ဟာ ထိုင်ဝမ်ရဲ့ သမ္မတအဖြစ် ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ လက်ရှိမှာ အဂတိလိုက်စားတဲ့ ပြစ်မှုတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရတာ ဖြစ်ပါတယ်။
XS
SM
MD
LG