သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ပြန်လည်လွတ်မြောက်


ဒီနေ့ ပြန်လည်လွတ်မြောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ်
ဒီနေ့ ပြန်လည်လွတ်မြောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ်

ထိုင်းနိုင်ငံ တရားရေးဝန်ကြီးက ခံဝန်နဲ့ ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ အတည်ပြုခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ဒီကနေ့ တနင်္ဂနွေနေ့ မနက်မှာပဲ ပြန်လွတ်လာပါတယ်။

အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်းဟာ ဒီကနေ့ အစောပိုင်းမှာပဲ ဘန်ကောက်မြို့ ရဲတပ်ဖွဲ့ ဆေးရုံကြီးကနေ ပြန်လွတ်လာခဲ့တာပါ။ လည်ပင်းမှာ ကျပ်စည်းထားတဲ့ ဝန်ကြီးချုပ်ဟောင်းကိုတော့ သမီးဖြစ်သူနဲ့အတူ ကားတစီးတည်း စီးသွားတာ တွေ့ခဲ့ကြရပြီး၊ သူလိုက်ပါသွားတဲ့ ယာဉ်တန်းဟာ ဘန်ကောက်မြို့ အနောက်ဖက်က နေအိမ်ကို ၁ နာရီ မပြည့်ခင်မှာပဲ ရောက်သွားပါတယ်။

ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ယူခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်း ဖယ်ရှားခံခဲ့ရတဲ့ တပ်ခ်ဆင်ဟာ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ် ၂ ခုနီးပါးကြာ အငြင်းပွားစရာ နိုင်ငံရေးခေါင်းဆောင် တယောက်လည်း ဖြစ်ခဲ့တာပါ။ စစ်အာဏာသိမ်း ဖယ်ရှားခံခဲ့ရပြီးနောက် ဝန်ကြီးချုပ် တာဝန်ယူစဉ် အာဏာအလွဲသုံးစားမှုနဲ့ တခြားဥပဒေချိုးဖောက်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

ထောင်ဒဏ်အပြစ်ပေးခံရမှာကို ရှောင်ရှားပြီး ပြည်ပမှာ ဆယ်နှစ်ကျော် တိမ်းရှောင်နေခဲ့ရာက ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့တာပါ။ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို ထောင်ဒဏ် ၈ နှစ် အပြစ်ပေးထားတာကိုတော့ ဘုရင်မဟာဝဇီရာလောင်ကွန်းက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁ ရက်နေ့ကပဲ ၁ နှစ် အဖြစ် လျှော့ပေါ့ပေးခဲ့ပါတယ်။

XS
SM
MD
LG