သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် မရိမ်းတပ်သားဟောင်း ယူကရိန်းစစ်ပွဲတွင်း ဒဏ်ရာရ


အကျဥ်းသားလဲလှယ်ရေးအစီအစဥ်နဲ့ ရုရှားက ပြန်လွှတ်လာတဲ့ မရိန်းတပ်သားဟောင်း Trevor Reed၊ ဧပြီ ၂၇၊ ၂၀၂၂
အကျဥ်းသားလဲလှယ်ရေးအစီအစဥ်နဲ့ ရုရှားက ပြန်လွှတ်လာတဲ့ မရိန်းတပ်သားဟောင်း Trevor Reed၊ ဧပြီ ၂၇၊ ၂၀၂၂
အမေရိကန်-ရုရှား အကျဉ်းသားလဲလှယ်ရေးမှာ မနှစ်ကပြန်လွတ်လာတဲ့ အမေရိကန် မရိမ်းတပ်သား ဟောင်းတဦးဟာ ယူကရိန်းနိုင်ငံတွင်းတိုက်ပွဲတခုမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်နိုင်ငံခြား ရေးဌာန ပြောခွင့်ရသူကပြောပါတယ်။
“Mr. Reed ရဲ့ လှုပ်ရှားဆောင်ရွက်ခဲ့မှုတွေဟာ အမေရိကန်အစိုးရကို ကိုယ်စားပြုမှုမရှိပါဘူး။ အမေရိကန် နိုင်ငံသားတွေကို ကျနော်တို့အနေနဲ့ ရှင်းရှင်းလင်းပြောဆိုသတိပေးထားပါတယ်၊ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ယူကရိန်းကို သွားရောက်လည်ပတ်တာမလုပ်ဖို့ပါ။”လို့ နိုင်ငံခြားရေးဌာန လက်ထောက်ပြောခွင့်ရ သူ Vedant Patel က နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့တာပါ။
စစ်ပွဲမှာပါဝင်တိုက်ခိုက်ဖို့ ယူကရိန်းကိုသွားဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အမေရိကန်နိုင်ငံသားတွေအပါအဝင် ယူကရိန်းမှာရှိတဲ့ သာမန်အမေရိကန်နိုင်ငံသားတွေကို ကူညီကယ်ထုတ်ဖို့ မရှိဘူးလို့လည်း နိုင်ငံခြားရေး ဌာန လက်ထောက်ပြောခွင့်ရက ပြောပါတယ်။ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့သူ Trevor Reed ဟာ NGO အဖွဲ့တဖွဲ့အကူအညီနဲ့ ဂျာမဏီနိုင်ငံကိုပို့ဆောင်ပြီး ဆေးဝါးကုသမှုယူနေတယ်လို့ သူတို့သိထားတဲ့ အကြောင်းလည်းပြောပါတယ်။
ယူကရိန်းနိုင်ငံဟာ အမေရိကန်နိုင်ငံသားတွေ သွားရောက်ဖို့ မသင့်တဲ့ အဆင့်(၄) ခရီးသွားလမ်းညွှန်မှု သတ်မှတ်ထားတဲ့နိုင်ငံဖြစ်တယ်လို့လည်း ပြောပါတယ်။ ယူကရိန်းစစ်မှာ ပါဝင်ဆင်နွှဲလိုတဲ့ အမေရိကန် နိုင်ငံသားတွေကို မသွားဖို့အမေရိကန်က တားမြစ်ပိတ်ပင်တာမျိုးမရှိပေမယ့် အဲဒီ သွားရင် ဖမ်းဆီး သတ်ဖြတ်ခံရတာ၊ ခန္ဓာကိုယ်ထိခိုက်ခံရတာမျိုးရှိနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါပေမယ့် ယူကရိန်းစစ်ပွဲမှာတဦးချင်းဆန္ဒနဲ့ဝင်ကူနေတဲ့ အမေရိကန်နိုင်ငံသားထောင်ဂဏန်းရှိမယ် ယူဆရ ပါတယ်။ Trevor Reed ဟာ လွန်ခဲ့တဲ့နှစ်ပတ်က မြေမြုပ်မိုင်းနင်းမိလို့ မိုင်းစမိုင်းနတွေနဲ့ဒဏ်ရာရခဲ့ပြီး အခု ဂျာမဏီဆေးရုံတခုမှာ ပြန်သက်သာနေပြီလို့ အမေရိကန်ပြည်တွင်းသတင်းတွေမှာ ရေးပါတယ်။ သူဟာ ရုရှားမှာ နှစ်နှစ်ကျော်ကြာ ဖမ်းဆီးခံရပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလကမှ လွတ်မြောက်လာတာပါ။
သူဟာ ရုရှားရဲအရာရှိတဦးကို အကြမ်းဖက်လို့ဆိုပြီး ၂၀၁၉ ခုနှစ်တွင်းဖမ်းဆီးခံရပြီး ထောင်ဒဏ် ၉နှစ် ချမှတ်ခံခဲ့ရပါတယ်။ အဲဒီနောက် ရုရှားထောင်ကနေ သူလွတ်မြောက်လာဖို့ အမေရိကန်မှာရှိတဲ့ မိသားစုက ကြိုးပမ်းခဲ့တာပါ။ အဲဒီနောက် အမေရိကန်ထောင်မှာ နှစ် ၂၀ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရုရှားမူးယစ် မှောင်ခိုတဦးနဲ့ သမ္မတ Joe Biden အစိုးရက အပြန်အလှန်လဲလှယ်ပြီး ရုရှားထောင်က သူ လွတ်မြောက် လာတာဖြစ်ပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG