သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း George H.W. Bush ဆေးရုံတင်ရ


အမေရိကန်သမ္မတဟောင်း George H.W. Bush။
အမေရိကန်သမ္မတဟောင်း George H.W. Bush။

အမေရိကန်သမ္မတဟောင်း George H.W. Bush ဟာ ချော်လဲပြီး လည်ပင်းက အရိုးကျိုးသွားတဲ့ အတွက် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ သူဟာ အရင်သမ္မတဟောင်း George W. Bush နဲ့ အခုသမ္မတလောင်း ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် Jeb Bush တို့ရဲ့ ဖခင်ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရီပါတ်ဘလစ်ကင် ပါတီဝင် အသက် ၉၁ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ Bush ဟာ အမေရိကန် အရှေ့မြောက်ကမ်းရိုးတန်းက သူ့မိသားစု နွေရာသီနေအိမ်ရှိရာ Kennbunkport နဲ့ သိပ်မဝေးတဲ့ မိန်းပြည်နယ် Portland မြို့က ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သူ့ပြောခွင့်ရ Jim McGrath က ဒီကနေ့ ကြေညာပါတယ်။

မစ္စတာ Bush ရဲ့ အခြေနေဟာ သိပ်ဆိုးဝါးမှု မရှိပဲ ဆေးရုံမှာ သိပ်ကြာဖို့ မရှိပေမယ့် အိမ်ပြန်ရင်တော့ လည်ပင်းကို ထိမ်းထားနိုင်မယ့် အထောက်အကူ သုံးဖို့ လိုကောင်းလိုနိုင်တယ်လို့ လည်း ပြောပါတယ်။

မစ္စတာ Bush ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ဆက်မြောက် သမ္မတ တာဝန် ထမ်းဆောင်ခဲ့ချိန်ကစပြီး အခုထိ တက်တက်ကြွကြွ လှုပ်ရှားနေသူ ဖြစ်ပါတယ်။ သူ့သားတွေရဲ့ နိုင်ငံရေးအလုပ်တွေအတွက် ပံ့ပိုးပေးနေသူ ဖြစ်သလို သူ့ရဲ့ အသက် ၈၀ နဲ့ ၈၅ နှစ်မွေးနေ့တွေမှာ အလွတ် လေထီးခုန် ခဲ့တာအပြင် သူ့ အသက် ၉၀ မွေးနေ့မှာလည်း ကြီးကြပ်သူ ပါတဲ့ လေထီးခုန်တာ တွေ လုပ်ဆောင်ခဲ့သူပါ။ ဒါပေမယ့်လည်း အရွယ်ထောက်လာ တာနဲ့အမျှ ပါကင်ဆင်ရောဂါ စဖြစ်လာတာမို့ ပရိတ်သတ်တွေ နဲ့ တွေ့ဖို့ သွားတဲ့နေရာတွေမှာတော့ ဘီးတပ်ကုလားထိုင်နဲ့ သွားနေပြီဖြစ်ပါတယ်။

သူသမ္မတ တာဝန်မထမ်းဆောင်ခင်ကလည်း သမ္မတ Ronald Regan ရဲ့ ဒုသမ္မတအဖြစ် သက်တမ်း ၂ နှစ်လုံးတာဝန်ယူခဲ့သူပါ။၁၉၉၃ ခုနှစ် သမ္မတရွေးကောက်ပွဲမှာတော့သူ့ရဲ့ သား George W. Bush သက်တမ်း မတိုင်ခင် သမ္မတဖြစ်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီက Bill Clinton ကို ရှုံးနိမ့်ခဲ့ပါတယ်။

XS
SM
MD
LG