သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥက္ကာခဲဝင်တိုက်လို့ ဒိုင်နိုဆောမျိုးပြုန်းမှု ပညာရှင်တွေအတည်ပြု


နယူးယောက်မြို့ရှိ အမေရိကန် သဘာဝသမိုင်းပြတိုက်မှာ ပြသထားတဲ့ ၁၂၂ ပေအရှည်ရှိတဲ့ ဒိုင်နိုဆောပုံတူ (ဇန်နဝါရီ၊ ၁၄၊ ၂၀၁၆)
နယူးယောက်မြို့ရှိ အမေရိကန် သဘာဝသမိုင်းပြတိုက်မှာ ပြသထားတဲ့ ၁၂၂ ပေအရှည်ရှိတဲ့ ဒိုင်နိုဆောပုံတူ (ဇန်နဝါရီ၊ ၁၄၊ ၂၀၁၆)

အမေရိကန်ပြည်ထောင်စု North Dakota ပြည်နယ်မှာ တွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကနေ ကမ္ဘာကြီးကို လွန်ခဲ့တဲ့ နှစ် ၆၆ သန်းတုန်းက ဧရာမ ဥက္ကာခဲကြီးက အခုခေတ် မက္ကဆီကို နိုင်ငံရှိတဲ့ ဒေသကို ဝင်တိုက်ခဲ့တဲ့ အကြောင်း ကမ္ဘာတဝှမ်း သိပ္ပံပညာရှင် ၁၂ ယောက်ပါတဲ့ အဖွဲ့က အတည်ပြုလိုက်ပါတယ်။

ဒီဧရာမ ဥက္ကာခဲကြီး ဝင်တိုက်သွားတာကြောင့် မြေကမ္ဘာရဲ့ အပိုင်းအစတွေ လေထဲကို လွင့်စင်သွားတဲ့ အပြင် ငါးတွေ၊ သစ်ပင်ပန်းမန်၊ ပိုးကောင်၊ တိရစ္ဆာန်၊ ရေနဲ့ တခြားအရာတွေပါ မိုင်ပေါင်းထောင်ချီ လွင့်စင်သွားခဲ့တာပါ။

အဲဒီနေ့က စပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသွားတယ်လို့ ဒီကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရှာတွေ့တဲ့ သိပ္ပံပညာရှင် ၁၂ ယောက်ထဲက Pennsylvania ပြည်နယ်တက္ကသိုလ်က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် Timonthy Bralower က The Washinton Post သတင်းစာကို ပြောပါတယ်။

North Dakota ပြည်နယ်က တွေ့ရှိမှုအကြောင်းကို သောကြာနေ့တုန်းက သိပ္ပံဂျာနယ်တခုမှာ ဖော်ပြခဲ့တာပါ။

ဥက္ကာခဲဝင်တိုက်လို့ ဒိုင်နိုဆောမျိုးပြုန်းမှု ပညာရှင်တွေအတည်ပြု
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG