သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေဇုန်တောထဲ ပျောက်နေတဲ့ ကလေး ၄ ယောက် ရက် ၄၀ အကြာမှာ ပြန်တွေ့


In this photo released by Colombia's Armed Forces Press Office, soldiers and Indigenous men pose for a photo with the four Indigenous brothers who were missing after a deadly plane crash, in the Solano jungle, Caqueta state, Colombia, June 9, 2023.
In this photo released by Colombia's Armed Forces Press Office, soldiers and Indigenous men pose for a photo with the four Indigenous brothers who were missing after a deadly plane crash, in the Solano jungle, Caqueta state, Colombia, June 9, 2023.

ကိုလမ်ဘီယာနိုင်ငံမှာ တောနက်ကြီးထဲ ပျက်ကျခဲ့တဲ့ လေယာဉ်ငယ်တစင်းပေါ် လိုက်ပါသွားတဲ့ ကလေး ၄ ယောက်ကို တလကျော်အကြာမှာ အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ပါတယ်။ လေယာဉ်ပျက်ကျအပြီး သီတင်း ၅ ပတ်ကျော် အကြာမှာ နိုင်ငံတောင်ပိုင်း အမေဇုန်တောကြီးထဲမှာ ကလေးငယ် မောင်နှမ ၄ ယောက်ကို အသက်ရှင်လျက် ပြန်တွေ့ခဲ့တာလို့ ကိုလမ်ဘီယာ သမ္မတ Gustavo Petro က မနေ့က ဝမ်းပန်းတသာ ပြောလိုက်တာပါ။

ဒီကလေးတွေနဲ့အတူ လေယာဉ်ငယ်ပေါ် လိုက်ပါခဲ့တဲ့ မိခင်၊ နောက်လူကြီးတဦးနဲ့ လေယာဉ်မှူးတို့ကတော့ သေဆုံးခဲ့ပြီး သူတို့ရဲ့ အလောင်းတွေကို ပျက်ကျခဲ့တဲ့ လေယာဉ်ထဲမှာ ရှာတွေ့ခဲ့ပေမဲ့၊ ဒီကလေးတွေကိုတော့ ရက်တွေနဲ့ချီ ပျောက်နေခဲ့တာပါ။ ရက်ပေါင်း ၄၀ ကြာပြီးမှ အသက် ၁၂ လသာ ရှိသေးတဲ့ ကလေးငယ်နဲ့အတူ အသက် ၄ နှစ်၊ ၉ နှစ် နဲ့ ၁၃ နှစ်အရွယ် မောင်နှစ်မ လေးယောက်ကို မယုံနိုင်စရာ အသက်ရှင်လျက် ပြန်တွေ့ခဲပါတယ်။

ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ဒီကလေး ၄ ဦးကို ကိုလမ်ဘီယာနိုင်ငံ Caqueta နဲ့ Guaviare ပြည်နယ်အကြား လေယာဉ်ပျက်ကျတဲ့ နေရာအနီးမှာပဲ ကိုလမ်ဘီယာ စစ်တပ်က တွေ့ရှိကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကလေးတွေကို ခြံရံရိုက်ထားတဲ့ စစ်သားတွေရဲ့ ဓာတ်ပုံတွေလည်း လူမှုမီဒီယာမှာ ပြန့်နေပါတယ်။

ကိုလမ်ဘီယာ သမ္မတ Petro ကလည်း တောနက်ကြီးထဲ ပျောက်သွားခဲ့တဲ့ ကလေး ၄ ဦးကို အခုလို အသက်ရှင်လျက် ပြန်တွေ့နိုင်တာက တတိုင်းပြည်လုံးအတွက် ဝမ်းမြောက်ဖွယ်ရာ ကောင်းလှပါတယ်လို့ Twitter ကနေ ပြောလိုက်ပါတယ်။ မောင်နှမ လေးယောက် လူမကွဲသွားဘဲ အတူရှင်သန်အောင် ရုန်းကန်ခဲ့တဲ့ ကလေးတွေဟာ အင်အားချိနဲ့နေတာမို့ ဆရာဝန်နဲ့ အရင်ပြထားတဲ့အကြောင်းလည်း သမ္မတ Petro က မနေ့က သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။

XS
SM
MD
LG