သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အုပ်စုလိုက် အဓမ္မပြုကျင့်သူ အမျိုးသား ၄ ဦး အပြစ်ရှိကြောင်း အိန္ဒိယတရားရုံး ဆုံးဖြတ်


ပြီးခဲ့တဲ့နှစ်က ဘက်စ်ကားပေါ်မှာ အမျိုးသမီးငယ်လေး ၁ ဦး သေစေလောက်တဲ့ အထိ လူအစုလိုက်အပြုံလိုက် အဓမ္မကျင့်တဲ့အမှုမှာ အမျိုးသား ၄ ဦးကို အပြစ်ရှိကြောင်း အိန္ဒိယတရားရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နယူးဒေလီ တရားရုံးက တရားသူကြီးတွေကနေပြီး ဆုံးဖြတ်ချက်ကို ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပြီး ဗုဒ္ဓဟူးနေ့မှာ ပြစ်ဒဏ်ချမှတ်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တရားခံအမျိုးသားတွေကို ကြိုးပေးကွပ်မျက်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

သေဆုံးသူ အသက်၂၃ နှစ်အရွယ် အမျိုးသမီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သံတုတ်နဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာပါ။ သူနဲ့အတူပါလာတဲ့ အမျိုးသားအဖော်ကိုလည်း ရိုက်နှက်ခဲ့ပါတယ်။

အဓမ္မပြုကျင့်ပြီး နှစ်ပတ်ကြာတဲ့နောက်မှာတော့ အမျိုးသမီးငယ်လေးဟာ သူဆေးကုသမှုခံယူတဲ့ စင်္ကာပူဆေးရုံမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။
XS
SM
MD
LG