သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းဆႏၵျပေခါင္းေဆာင္ေလးဦး အာမခံနဲ႔လြတ္ေျမာက္


အမခံနဲ ့လြတ္ေျမာက္လာတဲ့ ထိုင္းဆႏၵျပ ခေါင္းေဆာင္တဦး

(Zawgyi/Unicode)

ထိုင္းအစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲေခါင္းေဆာင္ ေလးေယာက္ကို ထိုင္းတရား႐ံုးတခုက ဒီကေန႔ အာမခံေပးလိုက္တယ္လုိ႔ သူတို႔ေရွ႕ေနကေျပာတဲ့အေၾကာင္း ႐ိုက္တာသတင္းတပုဒ္မွာ ေရးထားပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ကို ဆန္႔က်င္ကန္႔ကြက္တဲ့ မၾကာေသးခင္က ဆႏၵျပပြဲေတြနဲ႔ မတည္ၿငိမ္မႈေတြၾကားမွာ သူတို႔ေလးေယာက္ကို တရား႐ံုးမတင္ခင္ တလေက်ာ္ၾကာ ဖမ္းထားၿပီးတဲ့ေနာက္ အခု အာမခံေပးလိုက္တာပါ။

ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ကို ျဖဳတ္ခ်ေရး ထိုင္းေက်ာင္းသားေတြ ဦးေဆာင္တဲ့ လႈပ္ရွားမႈဟာ ၿပီးခဲ့တဲ့ ဇြန္လကစလို ႔အရွိန္အဟုန္ေကာင္းလာခဲ့သလို တျခားႏုိင္ငံေရးအစုအဖြဲ႔ေတြရဲ႕ ေထာက္ခံမႈကိုသာမက ကို႐ိုနာဗိုင္းရပ္စ္ အက်ပ္အတည္း ပိုဆိုးလာတဲ့အေပၚ မေက်နပ္တဲ့လူထုရဲ႕ အားေပးမႈကိုလည္း ရလာတာပါ။

ဇူလိုင္လကတည္းကဆိုရင္ ဆႏၵျပပြဲေတြနဲ႔ဆက္စပ္ၿပီး တရားစြဲဆိုထားသူေပါင္း ၇၆၇ ေယာက္ရွိၿပီး အခုခ်ိန္ထိဆိုရင္ ၅၂၂ ေယာက္ကို ဖမ္းထားၿပီလို႔ ထိုင္းရဲတပ္ဖြဲ႔က ေျပာပါတယ္။ မၾကာေသးခင္ကလုပ္ခဲ့တဲ့ ဆႏၵျပပြဲအေတာ္မ်ားမ်ားကို ထိုင္းရဲေတြက မ်က္ရည္ယိုဗံုးေတြ၊ မီးသတ္ပိုက္ေတြ၊ ရာဘာက်ည္ေတြသံုးၿပီး ၿဖိဳခြဲခဲ့ပါတယ္။

အခု အာမခံေပးလိုက္တဲ့ ဆႏၵျပေခါင္းေဆာင္ေလးဦးကို ၾသဂုတ္လ ၂ ရက္ေန႔ ဆႏၵျပပြဲတခုအၿပီး ဖမ္းခဲ့တာျဖစ္ၿပီး အာမခံေပးဖုိ႔ ေလွ်ာက္ထားတဲ့ ပထမ ခုနစ္ႀကိမ္ ပယ္ခ်ခံခဲ့ရၿပီးတဲ့ေနာက္ အခုတႀကိမ္မွာမွာ အာမခံရတာပါ။

...............................................................................................

တိုက္႐ိုက္ လင့္ခ္


ထိုင်းဆန္ဒပြခေါင်းဆောင်လေးဦး အာမခံနဲ့လွတ်မြောက်

(Unicode)

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲခေါင်းဆောင် လေးယောက်ကို ထိုင်းတရားရုံးတခုက ဒီကနေ့ အာမခံပေးလိုက်တယ်လို့ သူတို့ရှေ့နေကပြောတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

ထိုင်းဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ မကြာသေးခင်က ဆန္ဒပြပွဲတွေနဲ့ မတည်ငြိမ်မှုတွေကြားမှာ သူတို့လေးယောက်ကို တရားရုံးမတင်ခင် တလကျော်ကြာ ဖမ်းထားပြီးတဲ့နောက် အခု အာမခံပေးလိုက်တာပါ။

ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ကို ဖြုတ်ချရေး ထိုင်းကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုဟာ ပြီးခဲ့တဲ့ ဇွန်လကစလို့အရှိန်အဟုန်ကောင်းလာခဲ့သလို တခြားနိုင်ငံရေးအစုအဖွဲ့တွေရဲ့ ထောက်ခံမှုကိုသာမက ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း ပိုဆိုးလာတဲ့အပေါ် မကျေနပ်တဲ့လူထုရဲ့ အားပေးမှုကိုလည်း ရလာတာပါ။

ဇူလိုင်လကတည်းကဆိုရင် ဆန္ဒပြပွဲတွေနဲ့ဆက်စပ်ပြီး တရားစွဲဆိုထားသူပေါင်း ၇၆၇ ယောက်ရှိပြီး အခုချိန်ထိဆိုရင် ၅၂၂ ယောက်ကို ဖမ်းထားပြီလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ မကြာသေးခင်ကလုပ်ခဲ့တဲ့ ဆန္ဒပြပွဲအတော်များများကို ထိုင်းရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ၊ ရာဘာကျည်တွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။

အခု အာမခံပေးလိုက်တဲ့ ဆန္ဒပြခေါင်းဆောင်လေးဦးကို သြဂုတ်လ ၂ ရက်နေ့ ဆန္ဒပြပွဲတခုအပြီး ဖမ်းခဲ့တာဖြစ်ပြီး အာမခံပေးဖို့ လျှောက်ထားတဲ့ ပထမ ခုနစ်ကြိမ် ပယ်ချခံခဲ့ရပြီးတဲ့နောက် အခုတကြိမ်မှာမှာ အာမခံရတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG