သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ် ကိုင်ဆောင်ခွင့် လှုံ့ဆော်သူကို သားငယ် ပစ်ခတ်


ဖလော်ရီဒါပြည်နယ် က သေနတ်ပိုင်ဆိုင်ခွင့်နဲ့ ပါတ်သက်ပြီး လူမှုမီဒီယာတွေမှာ တက်တက်ကြွကြွ လှုံ့ဆော်သူ Jamie Gilt ရဲ့ Facebook page။
ဖလော်ရီဒါပြည်နယ် က သေနတ်ပိုင်ဆိုင်ခွင့်နဲ့ ပါတ်သက်ပြီး လူမှုမီဒီယာတွေမှာ တက်တက်ကြွကြွ လှုံ့ဆော်သူ Jamie Gilt ရဲ့ Facebook page။

ဖလော်ရီဒါ ပြည်နယ်မှာ အသက် ၄ နှစ်အရွယ် သားဖြစ်သူရဲ့ သေနတ်နဲ့ ပါတ်သက်တဲ့ ကျွမ်းကျင်မှုကို မိခင်ဖြစ်သူက ကွန်ပြူတာ အွန်လိုင်းမှာ တင်လိုက်ပြီး သိပ်မကြာခင်မှာပဲ မိခင်ဖြစ်သူဟာ သူ့သားရဲ့ မတော်တဆ ပစ်ခတ်မှုကို ခံခဲ့ရပါတယ်။

သူ့မိခင် တရားဝင်ပိုင်ဆိုင်တဲ့ ဒီလက်နက်ဟာ သူ့မိခင်မသိပဲ ကလေးလက်ထဲ ဘယ်လိုရောက်သွားတယ် ဆိုတာကို စုံစမ်းနေကြောင်း ကြာသပတေးနေ့မှာ ဒေသခံရဲတွေက ပြောပါတယ်။

ပစ်ခတ်မှုဟာ အင်္ဂါနေ့က ဖြစ်ပွါးခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ် Putnam မြို့နယ်ထဲက လမ်းတလမ်းပေါ်မှာ မိခင်ဖြစ်သူ အသက် ၃၁ နှစ် အရွယ် Jamie Gilt က ကားမောင်းနေရင် ပစ်ခတ်မှု ဖြစ်ပွါးခဲ့တာပါ။သူမောင်းနှင်နေတဲ့ ထရပ်ကား လမ်းမပေါ် ရပ်ထားတာကို ရဲက တွေ့ရပြီးတဲ့ နောက်မှာတော့ Gilt က သူ့နောက်ကျောကို ၄၅ caliber ပစ်စတိုသေနတ်နဲ့ သူ့သားက မတော်တဆ ပစ်မိတာလို့ ရဲကိုပြော ပါတယ်။ Gilt ဟာ အခု ဆေးရုံမှာ ရှိနေပြီး အခြေနေကတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ ဒါပေမယ့် စုံစမ်းစစ်ဆေးသူတွေကိုတော့ စကား ကောင်းကောင်း ပြန်မပြောနိုင်သေးပါဘူး။

သူဟာ သေနတ်ပိုင်ဆိုင်ခွင့်နဲ့ ပါတ်သက်ပြီး လူမှုမီဒီယာတွေမှာ တက်တက်ကြွကြွ လှုံ့ဆော်နေသူတဦး ဖြစ်ပြီး သူ့သားဟာ ပစ်မှတ်ကို ထိအောင် ပစ်ဖို့ ပိုစိတ်အားထက်သန်စွာ လေ့ကျင့်လာတယ်လို့ ဖေ့စ်ဘုတ်မှာ တင်လိုက်ပြီး သိပ်မကြာခင်မှာပဲ အခုလို ပစ်ခတ်မှု ဖြစ်ပွါးခဲ့တာပါ။

ကလေးငယ်ကတော့ ဒဏ်ရာတစုံတရာ မရခဲ့ပါဘူး။ ကလေးငယ်ဟာ အခု ဆွေမျိုးတွေနဲ့ နေနေပြီး ပြည်နယ်ကလေးဝန်ဆောင်မှု ဌာန ကလည်း ဒီပစ်ခတ်မှု နဲ့ ပါတ်သက်ပြီး စုံစမ်း စစ်ဆေးနေပါတယ်။လက်နက်ကို ကျည်ထိုးပြီး သိမ်းဆည်း တာတာ ဒါမှမဟုတ် ကျည်ထိုးထားတဲ့ လက်နက်ကို ကလေးတွေ လက်လှမ်းမှီတဲ့ နေရာမှာထားတာမျိုးဟာ ဖလော်ရီဒါ ဥပဒေအရ ပစ်မှုသေးတခု ဖြစ်ပါတယ်။

XS
SM
MD
LG