သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စက္ရံုဝန္ထမ္းေတြကို Foxconn  ေတာင္းပန္ 


FILE - A sign of Foxconn is seen at a glass door inside its office building in Taipei, Taiwan Nov. 12, 2020.

[[Zawgyi/Unicode]]

Apple ကုမၸဏီအတြက္ iPhone ေတြ တပ္ဆင္ေပးေနတဲ့ ထိုင္ဝမ္ Foxconn ကုမၸဏီရဲ႕ တ႐ုတ္ႏိုင္ငံအလယ္ပိုင္းက စက္ရံုမွာ ဆႏၵျပစက္ရံုဝန္ထမ္းေတြကို ရဲေတြက အၾကမ္းဖက္ ၿဖိဳခြင္းခဲ့ၿပီးတ့ဲေနာက္ Foxconn ကုမၸဏီက လစာေပးစနစ္မွာ နည္းပညာပိုင္း ခၽြတ္ယြင္းမႈေၾကာင့္ လစာေႏွာင့္ေႏွးခဲ့တာလို႔ ေတာင္းပန္လိုက္ပါတယ္။

Zhengzhou ၿမိဳ႕ကို iPhone ၿမိဳ႕ေတာ္လို႔ တင္စား ေခၚရေလာက္ေအာင္ ႀကီးမားတဲ့စက္ရံုႀကီးထဲမွာ ကိုဗစ္ Lockdown ကန္႔သတ္မႈေတြ၊ လစာေနာက္က်မႈေတြေၾကာင့္ မေက်မနပ္ျဖစ္ေနတဲ့ ဝန္ထမ္းေတြ ဆႏၵျပခဲ့ၾကတာပါ။ ဗုဒၶဟူးေန႔တုန္းက ဆႏၵျပစက္ရံုဝန္ထမ္းေတြကို ရဲေတြက ႐ိုက္ႏွက္ အၾကမ္းဖက္တဲ့ပံုေတြ လူမႈကြန္ရက္ေတြေပၚမွာ ထြက္ေပၚခဲ့ပါတယ္။ စက္႐ုံမွာ အနည္းဆုံး ရက္ေပါင္း ၃၀ အလုပ္လုပ္မယ္ဆိုရင္ ဆုေၾကးေငြအျဖစ္ အေမရိကန္ေဒၚလာ ၄၂၀ နဲ႔ညီမွ်တဲ့ ယြမ္ေငြ ၃ ေထာင္ ေပးမယ္လို႔ ကုမၸဏီဘက္က ကတိေပးခဲ့ေပမဲ့ တကယ့္တကယ္ လစာဝင္တဲ့အခ်ိန္မွာ ယြမ္ေငြ ၃၀ သာ ရရွိတာ ေတြ႕ရၿပီးတဲ့ေနာက္ ေထာင္နဲ႔ခ်ီတဲ့ဝန္ထမ္းေတြက ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

အလုပ္သမားသစ္ေတြရဲ႕ အလုပ္ခြင္ဝင္မွတ္တမ္းပိုင္းမွာ နည္းပညာပိုင္း ခ်ဳိ႕ယြင္းခ်က္ေတြ ရွိခဲ့တာေၾကာင့္ လစာမွားယြင္းမႈေတြ ရွိခဲ့တယ္လို႔ ဆိုၿပီး Foxconn ကုမၸဏီက ဒီေန႔ၾကာသပေတးေန႔မွာ ေတာင္းပန္ခဲ့ပါတယ္။ အလုပ္ေၾကာ္ျငာစာထဲမွာ ေဖာ္ျပထားတဲ့လစာအတိုင္း လစာေပးပါမယ္လို႔ အာမခံေပမဲ့ အေသးစိတ္ ေျပာျခင္းေတာ့ မရွိပါဘူး။

စက္႐ုံဝန္ထမ္းေတြကို Foxconn ေတာင္းပန္.mp3
please wait

No media source currently available

0:00 0:01:12 0:00
တိုက္႐ိုက္ လင့္ခ္

=======================

[[Unicode]]

စက်ရုံဝန်ထမ်းတွေကို Foxconn တောင်းပန်

Apple ကုမ္ပဏီအတွက် iPhone တွေ တပ်ဆင်ပေးနေတဲ့ ထိုင်ဝမ် Foxconn ကုမ္ပဏီရဲ့ တရုတ်နိုင်ငံအလယ်ပိုင်းက စက်ရုံမှာ ဆန္ဒပြစက်ရုံဝန်ထမ်းတွေကို ရဲတွေက အကြမ်းဖက် ဖြိုခွင်းခဲ့ပြီးတဲ့နောက် Foxconn ကုမ္ပဏီက လစာပေးစနစ်မှာ နည်းပညာပိုင်း ချွတ်ယွင်းမှုကြောင့် လစာနှောင့်နှေးခဲ့တာလို့ တောင်းပန်လိုက်ပါတယ်။

Zhengzhou မြို့ကို iPhone မြို့တော်လို့ တင်စား ခေါ်ရလောက်အောင် ကြီးမားတဲ့စက်ရုံကြီးထဲမှာ ကိုဗစ် Lockdown ကန့်သတ်မှုတွေ၊ လစာနောက်ကျမှုတွေကြောင့် မကျေမနပ်ဖြစ်နေတဲ့ ဝန်ထမ်းတွေ ဆန္ဒပြခဲ့ကြတာပါ။ ဗုဒ္ဓဟူးနေ့တုန်းက ဆန္ဒပြစက်ရုံဝန်ထမ်းတွေကို ရဲတွေက ရိုက်နှက် အကြမ်းဖက်တဲ့ပုံတွေ လူမှုကွန်ရက်တွေပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။ စက်ရုံမှာ အနည်းဆုံး ရက်ပေါင်း ၃၀ အလုပ်လုပ်မယ်ဆိုရင် ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၄၂၀ နဲ့ညီမျှတဲ့ ယွမ်ငွေ ၃ ထောင် ပေးမယ်လို့ ကုမ္ပဏီဘက်က ကတိပေးခဲ့ပေမဲ့ တကယ့်တကယ် လစာဝင်တဲ့အချိန်မှာ ယွမ်ငွေ ၃၀ သာ ရရှိတာ တွေ့ရပြီးတဲ့နောက် ထောင်နဲ့ချီတဲ့ဝန်ထမ်းတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အလုပ်သမားသစ်တွေရဲ့ အလုပ်ခွင်ဝင်မှတ်တမ်းပိုင်းမှာ နည်းပညာပိုင်း ချို့ယွင်းချက်တွေ ရှိခဲ့တာကြောင့် လစာမှားယွင်းမှုတွေ ရှိခဲ့တယ်လို့ ဆိုပြီး Foxconn ကုမ္ပဏီက ဒီနေ့ကြာသပတေးနေ့မှာ တောင်းပန်ခဲ့ပါတယ်။ အလုပ်ကြော်ငြာစာထဲမှာ ဖော်ပြထားတဲ့လစာအတိုင်း လစာပေးပါမယ်လို့ အာမခံပေမဲ့ အသေးစိတ် ပြောခြင်းတော့ မရှိပါဘူး။

XS
SM
MD
LG