သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် အာဖဂန် ဗျူဟာ သဘောတူညီမှု


ပြင်သစ် အာဖဂန် ဗျူဟာ သဘောတူညီမှု
ပြင်သစ် အာဖဂန် ဗျူဟာ သဘောတူညီမှု

အာဖဂန် စစ်သားတစ်ယောက်က ပြင်သစ် စစ်ဘက်ဆိုင်ရာ အမှုထမ်း ၄ ယောက်ကို သတ်လိုက်တဲ့ အတွက်ကြောင့် တစ်ပတ်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ လေ့ကျင့်ရေး သင်တန်းတွေကို ပြင်သစ်တပ်တွေက ပြန်စမယ်လို့ ပြင်သစ်သမ္မတ နီကိုးလက်ဆာကိုဇီ (Nicolas Sarkozy) က ပြောပါတယ်။

နေတိုး ဦးဆောင်တဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေရာကနေ ၂၀၁၃ ခုနှစ် နှစ်ကုန်မှာ ပြင်သစ်တပ်တွေ ရုပ်သိမ်းတာကို အပြီးသတ်မယ်လို့ မစ္စတာ ဆာကိုဇီက ဆိုပါတယ်။ ဒါက မူလ စီစဉ်ထားတာထက် တစ်နှစ် စောတာပါ။

အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း နဲ့ သောကြာနေ့က တွေ့ဆုံပြီးနောက် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

တိုင်းပြည် အရှေ့ပိုင်းမှာရှိတဲ့ ကာပီဆ (Kapisa) ပြည်နယ် လုံခြုံရေးတာဝန်ကို ပြင်သစ်တပ်တွေက အာဖဂန် တပ်တွေကို လွှဲပြောင်းပေးမယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။ အဲဒီပြည်နယ်မှာ ပြင်သစ်တပ်အားလုံး ချထားပြီး ပြီးခဲ့တဲ့အပတ်က လက်နက်ကိုင်မထားတဲ့ ပြင်သစ်စစ်သား ၄ ယောက် အသတ်ခံရတာလည်း အဲဒီပြည်နယ်မှာပါ။

ပြင်သစ်နဲ့ တခြား တိုင်းပြည်တွေဆီက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အကူအညီတွေ ရခဲ့ပြီးတဲ့နောက် ပို တာဝန်ယူဖို့ အာဖဂန်နစ္စတန်က အဆင်သင့် ရှိပါတယ်လို့ မစ္စတာ ခါဇိုင်းက ဆိုပါတယ်။

တိုက်ခိုက်ရေး တပ်တွေအားလုံး အာဖဂန် နစ္စတန်ကနေ ရုပ်သိမ်းသွားပြီးတဲ့နောက် အာဖဂန်နစ္စတန်မှာ ပြင်သစ်ယူမယ့် အခန်းကဏ္ဍကို အကြမ်း ချပြထားတဲ့ မဟာဗျူဟာ သဘောတူညီချက် တစ်ရပ်ကို ခေါင်းဆောင်နှစ်ယောက်က လက်မှတ်ရေးထိုး လိုက်ကြပါတယ်။

ပြင်သစ်တပ်တွေရဲ့ လုံခြုံရေးက တိုးတက်မလားဘူး ဆိုရင် ပြင်သစ်တပ်တွေကို ပို စောစော ရုပ်သိမ်းဖို့ စဉ်းစားမယ်လို့ မစ္စတာ ဆာကိုဇီ က သတိပေးခဲ့ပေမဲ့ ဒီနှစ်အတွင်းမှာ လုံး၀ ဥသုံရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ပြင်သစ်က ဒီအပတ် အစောပိုင်းက ပြောပါတယ်။

XS
SM
MD
LG