သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်တပ်ဖွဲ့ဝင်တချို့ နှစ်ကုန်မှာ အာဖဂန်က ရုပ်မည်

ပြင်သစ်တပ်ဖွဲ့ဝင်တချို့ နှစ်ကုန်မှာ အာဖဂန်က ရုပ်မည်
ပြင်သစ်တပ်ဖွဲ့ဝင်တချို့ နှစ်ကုန်မှာ အာဖဂန်က ရုပ်မည်

ဒီတပတ် စောစောပိုင်းက အမေရိကန် ပြည်ထောင်စုက အာဖဂန်နစ္စတန်နိုင်ငံက တပ်တွေ ရုပ်သိမ်းဖို့ ကြေညာအပြီးမှာ ပြင်သစ်ကလည်း ဒီနှစ်ကုန်ပိုင်းလောက်မှာ ပြင်သစ်တပ်သားတွေ ရာနဲ့ချီပြီးတော့ ရုပ်သိမ်းမယ်လို့ ကြေညာလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေး အခြေအနေ ပိုပြီးတော့ ကောင်းမွန်လာတဲ့အပြင် အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) သေဆုံးအပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေ ပျောက်ကွယ် လျော့နည်းလာတဲ့အတွက် စစ်တပ်တွေ ပြန်လည် ရုပ်သိမ်းရတာ ဖြစ်တဲ့အကြောင်း ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) က သောကြာနေ့က ရှင်းလင်း ပြောကြားပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ကျင်းပနေတဲ့ ဥရောပသမဂ္ဂ ထိပ်သီးညီလာခံအတွင်း ပြင်သစ်သမ္မတက ပြောကြားတာ ဖြစ်ပါတယ်။ ရုပ်သိမ်းမယ့် စစ်သား အရေအတွက် အတိအကျကိုတော့ ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။

This item is part of
XS
SM
MD
LG