သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အီရတ်က IS စစ်သွေးကြွတွေကို ပြင်သစ် တိုက်ခိုက်


ကွပ်မျက်ခံလိုက်ရတဲ့ ပြင်သစ်လူမျိုး Herve Gourdel။ (စက်တင်ဘာ ၂၅၊ ၂၀၁၄)

ပြင်သစ် တိုက်လေယာဉ်တွေက အီရတ်နိုင်ငံထဲမှာရှိတဲ့ IS စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အကြောင်း ပြင်သစ် ကပြောပါတယ်။ အီရတ်နိုင်ငံက စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့နဲ့ အခုလအစောပိုင်းမှာ ပြင်သစ်က စတင်ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ ဒီအတောအတွင်း ပြင်သစ် သမ္မတ Francois Hollande က ကာကွယ်ရေးကောင်စီအရေးပေါ်အစည်းအဝေး ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။

ပြင်သစ် နိုင်ငံသား တောင်တက်သမားတယောက်ကို IS နဲ့ စက်နွယ်နေတဲ့ အယ်လ်ဂျီးယားနိုင်ငံက စစ်သွေးကြွအုပ်စုတစု က ခေါင်းဖြတ် ကွပ်မျက် လိုက်ပြီးတဲ့နောက် သမ္မတက အခုလို အစည်းအဝေးခေါ်ယူဖို့ ဆောင်ရွက်ခဲ့တာပါ။

အီရတ်နိုင်ငံအပေါ် ပြင်သစ်အနေနဲ့ လေကြောင်းက တိုက်ခိုက်နေတာတွေ ရပ်ဖို့ တောင်းဆိုအပြီး အသက် ၅၅ နှစ်အရွယ် Herve Gourdel ကို စစ်သွေးကြွတွေက ကွပ်မျက်ခဲ့တာပါ။ ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်က ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုအပြီး IS စစ်သွေးကြွတွေအနေနဲ့ စစ်ပွဲကနေ ဆုတ်ခွါလို့ရချိန်မှာ ဆုတ်ခွါလိုက်ပါလို့ အမေရိကန်သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

IS စစ်သွေးကြွတွေအတွက် အကြမ်းဖက်သမားတွေ စုဆောင်းလို့ရအောင် ကမ္ဘာတ၀ှမ်းအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် ဖန်တီးနေတာတွေကို နယူးယောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း သမ္မတ အိုဘားမားက ပစ်တင်ဝေဖန်လိုက်ပါတယ်။


ဒီလိုအကြမ်းဖက်သမားတွေနဲ့ စေ့စပ်ဆွေးနွေးစရာ ဘာအကြောင်းပြချက်မှ ရှိစရာမလိုပါဘူး။ လူသတ်သမားတွေ နားလည်တဲ့ဘာသာစကားဟာ အင်အားသုံး ချေမှုန်းတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်အမေရိကန်အနေနဲ့ ဒီ သေမင်းတမန် ကွန်ယက်ကို ချေမှုန်းဖို့ နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်သွားပါမယ်ဆိုပြီး သမ္မတ အိုဘားမားက ပြောတာပါ။


ညီလာခံစဖွင့်ဖွင့်ခြင်း အစောပိုင်းမှာတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ဒေသတွင်းက အစွန်းရောက်အဖွဲ့တွေ အကြောင်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လွန်ခဲ့တဲ့အပါတ်ထဲမှာပဲ ဆီးရီးယားမြောက်ပိုင်းက လူပေါင်း ၁၃၀ ၀၀၀ ကျော်ကို နေရပ်ကနေ အိုးအိမ်စွန့်ခွါထွက်ပြေးအောင် IS စစ်သွေးကြွတွေက လုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG