သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီအိုလံပစ် လုံခြုံရေး နိုင်ငံတကာအကူအညီ တောင်းခံထား


ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ၂၀၂၄ နွေရာသီမှာ ကျင်းပမယ့် အိုလံပစ်အားကစားပွဲတော်
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ၂၀၂၄ နွေရာသီမှာ ကျင်းပမယ့် အိုလံပစ်အားကစားပွဲတော်

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ နွေရာသီကျင်းပမယ့် အိုလံပစ်အားကစားပွဲတော် ကျင်းပတဲ့အခါ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် ပေးပို့ ကူညီဖို့ ပြင်သစ်အစိုးရက နိုင်ငံပေါင်း ၄၆ နိုင်ငံကို အကူအညီတောင်းထားပါတယ်။

July ၂၆ ရက်ကနေ August ၁၁ ရက်အထိ ကျင်းပမယ့် အားကစားပွဲတွေအတွက် လုံခြုံရေးအစီစဉ်တွေကို အိုလံပစ်ပွဲတာဝန်ရှိသူတွေ စီမံဆောင်ရွက်နေသလို၊ လုံခြုံရေးသတိပေးချက်တွေကိုလည်း တိုးမြှင့်ထားပါတယ်။ အားကစားပွဲတွေကျင်းပတဲ့အခါ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံခြားရဲတပ်ဖွဲ့တွေကို ဇန်နဝါရီလထဲက အကူအညီတောင်းထားတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

အနံ့ခံခွေးတွေနဲ့ လုံခြုံရေးယူတဲ့ တပ်ဖွဲ့တွေကို ကူညီဖို့ နိုင်ငံတချို့က စစ်တပ်တွေကိုလည်း ပြင်သစ်ကာကွယ်ရေးဌာနက အကူအညီတောင်းထားပါတယ်။ အခုလို နိုင်ငံတကာ အားကစားပွဲတွေမှာ လုံခြုံရေးအတွက် နိုင်ငံခြားက အကူအညီတောင်းခံကြလေ့ရှိပါတယ်။ ကာတာနိုင်ငံမှာ ၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတုန်းကလည်း ပြင်သစ်က လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ၂၀၀ စေလွတ်ပေးခဲ့ဖူးပါတယ်။

Forum

XS
SM
MD
LG