သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်မှာ သမ္မတရွေးကောက်ပွဲတွေ စတင်


ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထမအကျော့ မဲပေး။ ( ဧပြီ ၂၃-၂၀၁၇)

ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထမအကျော့ မဲပေးပွဲတွေကို ဒီကနေ့ နိုင်ငံတဝန်း ကျင်းပနေပါတယ်။ နိုင်ငံတဝန်း မဲရုံပေါင်း ၆ သောင်းကျော် ဖွင့်လှစ်ထားပြီး မဲပေးခွင့်ရှိသူ ၄၇ သန်းနီးပါးတို့က သမ္မတလောင်း ၁၁ ဦးကို ရွေးချယ်မဲပေးနေကြပါတယ်။ လက်ယာစွန်း ကနေ လက်ဝဲစွန်း ဝါဒီ သမ္မတလောင်း ၁၁ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ပြင်သစ် သမ္မတ ရွေးကောက်ပွဲကတော့ ဆယ်စုနှစ်တွေ အတွင်း စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ ရွေးကောက်ပွဲ တခုဖြစ်ပါတယ်။ ရွေးကောက်ပွဲ အကြို ရက်ပိုင်း အလိုမှာ မြို့တော် ပါရီမှာ အကြမ်းဖက် ဝါဒစွဲ တိုက်ခိုက်မှု ဖြစ်ခဲ့တာကြောင့် ဒီကနေ့ ရွေးကောက်ပွဲတွေကိုတော့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားပါတယ်။

ရွေးကောက်ပွဲမှာလည်း အမျိုးသားရေး သမား၊ အစ္စလာမ် ဆန့်ကျင်သူ သမ္မတလောင်း Marine Le Pen က ဦးဆောင်နေတာပါ။ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောဆိုထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း ပြင်သစ်နိုင်ငံ တဝန်း လမ်းမတွေပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၅ သောင်းကို လုံခြုံရေးချထားပြီး အထူးတပ်ဖွဲ့တွေ အပါအဝင် စစ်သား ၇ ထောင်ကိုလည်း ထပ်ဖြည့်ထားပါတယ်။ ရွေးကောက်ပွဲကြို ကာလ လူထုစစ်တမ်းမှာတော့ လက်ဝဲ အလယ်အလတ်ဝါဒီ စီးပွားရေး ဝန်ကြီးဟောင်း Emmanuel Macron က ဦးဆောင်နေပါတယ်။

အထူးသဖြင့် မွတ်စလင်နိုင်ငံတွေက ရွှေ့ပြောင်းဝင်ရောက်လာမှုတွေ အပါအဝင် ပြင်သစ်နိုင်ငံတွင်း ရွှေ့ပြောင်းအခြေချမှု အားလုံးနီးပါးကို ရပ်ဆိုင်းပစ်လိုနေတဲ့ Marine Le Pen က နောက်က ကပ်လိုက်နေပါတယ်။ ဥရောပ သမဂ္ဂကနေလည်း ပြင်သစ်နိုင်ငံ နုတ်ထွက်ရေးကို Marine Le Pen က လိုလားနေတာလည်း ဖြစ်ပါတယ်။

နောက်ထပ် ထိပ်တန်းရောက်နေသူတွေကတော့ ပြည်သူ့ အသုံးစားရိတ်တွေကို ဖြတ်တောက်၊ နောက် ဥရောပ သမဂ္ဂအတွင်း ပြုပြင်ပြောင်းလဲရေး အတွက် တွန်းအားပေးလိုသူ Francois Fillon နဲ့ လက်ဝဲစွန်း ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ Jean-Luc Melenchon တို့ ဖြစ်ပါတယ်။ ဒီကနေ့ ရွေးကောက်ပွဲမှာ မဲအများဆုံးရတဲ့ သမ္မတလောင်း ၂ ဦးတို့က မေလ ၇ ရက်နေ့မှာကျင်းပမယ့် အပြီးသတ် ရွေးကောက်ပွဲမှာ ထပ်ပြီး ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ပြင်သစ်မှာ သမ္မတရွေးကောက်ပွဲတွေ စတင်
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG