သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရွေးကောက်ပွဲရလဒ် ဆိုရှယ်လစ်ဝါဒီ Hollande ရှေ့ပြေး

တနင်္ဂနွေနေ့ ပထမအကျော့ ပြင်သစ်သမ္မတ ရွေးကောက်ပွဲအတွင်းမှာ ဆိုရှယ်လစ်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း Francois Hollande ဟာ လက်ရှိ သမ္မတ Nicolas Sarkozy ကို အနိုင်ရနေပြီး သမ္မတရွေးကောက်ပွဲမှာ ရှေ့ပြေးနေသူတဦး ဖြစ်ပါတယ်။

ပထမဆုံး တရားဝင်မဲရလဒ်တွေမှာတော့ ဆိုရှယ်လစ်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း Hollande က ၂၉ ရာခိုင်နှုန်းနဲ့ လက်ရှိ သမ္မတ ဆာကိုဇီက ၂၆ ရာခိုင်နှုန်း အသီးသီး အနိုင်ရထားကြပါတယ်။ လာမယ့် မေလ ၆ ရက်နေ့မှာတော့ သူတို့နှစ်ဦးစလုံးဟာ ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ရမယ့် အနေအထားမှာ ရှိပါတယ်။ အခြား ကိုယ်စားလှယ် ၈ ဦးကတော့ မဲအရေအတွက် အတော်လေး ပြတ်ကျန်ခဲ့ပါတယ်။ လက်ယာစွန်း ဝါဒီ သမ္မတကိုယ်စားလှယ်လောင်း Marie le Pen ဟာ ရာခိုင်နှုန်း ဆယ်ဂဏန်းနဲ့ တတိယနေရာ အခိုင်အမာ ရထားတာမို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေအဖို့ အံအားသင့်စေပါတယ်။

ဆိုရှယ်လစ် ကိုယ်စားလှယ်လောင်း Hollande ကတော့ သူဟာ ပြင်သစ်သမ္မတလောင်း အဖြစ် အကောင်းဆုံး ကိုယ်စားလှယ်ဖြစ်တယ်လို့ သူ့ကိုယ်သူ ကြေညာပါတယ်။ သမ္မတ ဆာကိုဇီရဲ့ မအောင်မမြင်ဖြစ်ရတဲ့ မူဝါဒတွေကြောင့် ကွဲလွဲမှုတွေဖြစ်ခဲ့ရတဲ့ တိုင်းပြည်ကို ပြန်လည် ညီညွတ်မှုရအောင် ဆောင်ရွက်လိုတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သန်းကြွယ်ချမ်းသာနေသူတွေအပေါ် အခွန်အကောက် တိုးမြင့် ကောက်ခံသွားမယ်လို့လည်း ပြောပါတယ်။

စီးပွားရေးနဲ့ ရာဇဝတ်မှုတွေ ထူပြောတဲ့အပေါ် စိုးရိမ်မှုအပါအဝင် အခုလို အကျပ်အတည်းကာလမှာ ပြင်သစ်မဲဆန္ဒရှင်တွေရဲ့ စိုးရိမ်ချက်ကို နားလည်ပါတယ်လို့ လက်ရှိ သမ္မတ ဆာကိုဇီကပြောပါတယ်။ အခု မေလ ၆ ရက် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲမတိုင်ခင်မှာ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာအရေး ကိစ္စတွေမှာ ဆိုရှယ်လစ် ကိုယ်စားလှယ်လောင်း Hollande နဲ့ စကားစစ်ထိုးမယ်လို့ သမ္မတ ဆာကိုဇီက စိန်ခေါ်ထားပါတယ်။

This item is part of
XS
SM
MD
LG