သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရွေးကောက်ပွဲ ဆာကိုဇီ ရှုံးနိမ့်ဖွယ်ရှိ


ပြင်သစ်နိုင်ငံ သမ္မတရွေးကောက်ပွဲရဲ့ ပထမအဆင့် ရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်း ၂ ယောက် ထိပ်တိုက်ရင်ဆိုင်ရတဲ့ တကြော့ပြန် ရွေးကောက်ပွဲအတွက် ပြင်သစ်နိုင်ငံသားတွေ ဒီကနေ့ မဲပေးနေကြပါတယ်။

လက်ရှိသမ္မတ Nicolas Sarkozy ဟာ သူ့အပေါ် အသာစီးရနေတဲ့ အဓိကပြိုင်ဘက် ဆိုရှယ်လစ်ပါတီ သမ္မတလောင်း ဖရွန်ဆွာ အိုလွန်း(ဒ်) (Francois Hollande) နဲ့ သူ့အကြားက ကွာဟမှုကို နီးစပ်အောင် အတော်လေး လုပ်ဆောင်လာနိုင်နေပေမယ့် ရှုံးနိမ့်မယ့် အလားအလာ ရှိနေတယ်လို့ နောက်ဆုံး ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဖရွန်ဆွာ အိုလွန်း(ဒ်) ကတော့ တချိန်က သူမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Tulle မြို့မှာ ဒီကနေ့ မနက် မဲပေးခဲ့ပါတယ်။ သမ္မတ ဆာကိုဇီးနဲ့ ဇနီး Carla Bruni တို့ကတော့ ပါရီမြို့တော်မှာ မဲပေးခဲ့ကြပါတယ်။

သူသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း တိုင်းပြည်စီးပွားရေး ကိုင်တွယ်ဖြေရှင်းခဲ့ပုံနဲ့ သူ့ရဲ့ နေထိုင်ပုံတွေအပေါ် ဝေဖန်ပြော ဝေဖန်တာတွေကို သမ္မတ ဆာကိုဇီး ခံခဲ့ရတာပါ။

မစ္စတာ အိုလန်း(ဒ်) ကတော့ ဆိုရှယ်လစ်ပါတီကို နှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့သူတဦး ဖြစ်ပေမဲ့ အစိုးရအတွင်းက ထိပ်တန်းရာထူးတွေကို လုပ်ဆောင်ဖူးသူ မဟုတ်ပါဘူး။

XS
SM
MD
LG