သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ စတင်ကျင်းပ


သမ္မတ Emmanuel Macron ဒီကနေ့ စတင်တဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ မဲပေး
သမ္မတ Emmanuel Macron ဒီကနေ့ စတင်တဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ မဲပေး

ပြင်သစ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကပဲ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရုတ်တရက် ကြေညာခဲ့တဲ့ သမ္မတ Emmanuel Macron က ဒီကနေ့ စတင်တဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ပါတယ်။

ဒီလဆန်းမှာ ကျင်းပတဲ့ ဥရောပပါလီမန် ရွေးကောက်ပွဲမှာ လက်ယာစွန်းပါတီတွေ အသာစီးရခဲ့ပြီးနောက် အလယ်အလတ်ဝါဒီ သမ္မတ Macron က အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပဖို့ ကြေညာခဲ့တာပါ။ ပထမနဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးတဲ့ အခါမှာတော့ ဝန်ကြီးချုပ် ဘယ်သူဖြစ်လာမလဲ။ လွှတ်တော်ကို ဘယ်နိုင်ငံရေးပါတီက ထိန်းချပ်မလဲဆိုတာတွေကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

သမ္မတ Macron ကတော့ သူ့ရဲ့မူဝါဒအများစုကို ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ အာဏာခွဲဝေယူရနိုင်တဲ့ အလားအလာတွေလည်း ရှိနေပါတယ်။ ရွေးကောက်ပွဲမှာ လက်ယာစွန်းပါတီတွေ အာဏာရခဲ့မယ်ဆိုရင်တော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဒါဟာ ပထမဆုံးလည်း ဖြစ်လာမှာပါ။ ပြင်သစ်နိုင်ငံမှာ နွေရာသီအားလပ်ရက် စတင်တဲ့ တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် အဝေးရောက် မဲပေးခွင့် လျှောက်ထားသူတွေလည်း ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာထက် အနည်းဆုံး ၅ ဆလောက် ပိုများနေပါတယ်။

Forum

XS
SM
MD
LG