သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်နိုင်ငံ လောင်စာဆီဈေး ဆန္ဒပြမှုရက်ရှည်ကြာ


ပြင်သစ်နိုင်ငံမှာ လောင်စာဆီဈေးတွေတက်လာနေတဲ့အပေါ် လူတွေထောင်နဲ့ချီဆန္ဒပြနေကြပြီး၊ စနေနေ့ကတော့ ၈ ရက်မြောက်နေ့အဖြစ်နဲ့ ဆန္ဒပြကြတာမှာ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတွေနဲ့ ပဋိပက္ခတွေဖြစ်ခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံတဝှမ်းဆန္ဒပြတဲ့သူ ဦးရေဟာ ၁ သိန်းကျော်ရှိပြီး၊ ပဲရစ်မြို့က ကမ္ဘာကျော် Champ-Elysees လမ်းမကြီးပေါ်မှာတော့ ၈ ထောင်လောက်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီး Christophe Castaner က ပြောပါတယ်။ နိုင်ငံတဝှမ်းမှာ ဆန္ဒပြတဲ့သူ ၁၃၀ ကို ဖမ်းဆီးခံခဲ့ရပါတယ်။

ဆန္ဒပြတဲ့သူတွေက မီးပွိုင့်တွေ နဲ့ လမ်းသင်္ကေတအမှတ်အသားတွေကို ဖြိုလှဲဖျက်ဆီးခဲ့ကြပြီး၊ ပဲရစ်မြို့ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတွေကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ကြပါတယ်။

ရဲတွေ နဲ့ တခြားပြည်သူတွေကို ရမ်းကားတိုက်ခိုက် ခဲ့တဲ့သူတွေဟာ ရှက်ဖို့ကောင်းပြီး၊ အဲဒီလိုအကြမ်းဖက်တဲ့လုပ်ရပ်တွေအတွက် ပြင်သစ်နိုင်ငံမှာနေရာမရှိဘူးလို့ ပြင်သစ်သမ္မတ Emmanuel Macron က တွစ်တာကနေ ပြောကြားလိုက်ပါတယ်။ တချို့ဆန္ဒပြတဲ့သူတွေဟာ အဝေးပြေးအမြန်လမ်းမ ဂိတ်တွေကို ဝင်ရောက်သိမ်းယူခဲ့ပြီး၊ ကားတွေကို ပိုက်ဆံမယူဘဲ လွှတ်ပေးတာတွေ နဲ့ ဖြေးဖြေးမောင်းခိုင်းတာတွေ လုပ်ခဲ့တယ်လို့ ပြင်သစ် AFP သတင်းက ပြောပါတယ်။

အဓိကကတော့ ဒီဇယ်ဆီအပါအဝင် လောင်စာဆီတွေကို အခွန်တွေတိုးကောက်တဲ့အပေါ်မှာ လူတွေအာရုံစိုက်လာစေဖို့အတွက် ဆန္ဒပြတဲ့သူတွေက လုပ်ဆောင်ခဲ့တာပါ။ ဒီဇယ်ဆီအပေါ် အခွန်ဈေးနှုန်းက ၁ လီတာကို ၈ ပြားလောက်တက်သွားခဲ့ပြီး လာမယ့်နှစ်တွေမှာလည်း ထပ်တက်သွားဖို့ရှိတယ်လို့ ပြင်သစ်ပို့ဆောင်ရေးဝန်ကြီး Elisabeth Borne က ပြောပါတယ်။ ဒါ့အပြင် ဓါတ်ဆီခွန်တွေလည်း တက်လာဖို့ရှိနေပြီး၊ ဓါတ်ဆီ ၁ လီတာဟာ အခုဆိုရင် ၁ ဒေါ်လာ ၈၅ ပြားဖြစ်ပြီး ၊ ဒီဇယ်ထက် နည်းနည်းပိုဈေးကြီးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG