သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတ စီးပွားရေးကိစ္စနဲ့ အိန္ဒိယသွား


ပြင်သစ်သမ္မတ စီးပွားရေးကိစ္စနဲ့ အိန္ဒိယသွား
ပြင်သစ်သမ္မတ စီးပွားရေးကိစ္စနဲ့ အိန္ဒိယသွား

ပြင်သစ်သမ္မတ Nicolas Sarkozy ဟာ ၄ ရက်ကြာ ခရီးစဉ် အစနေ့အဖြစ် အိန္ဒိယနိုင်ငံကို ရောက်ရှိနေပါတယ်။ ခရီးစဉ်အစ စနေနေ့မှာတော့ အိန္ဒိယနိုင်ငံ တောင်ပိုင်းက နည်းပညာထုတ်လုပ်ရာ အချက်အခြာမြို့ဖြစ်တဲ့ ဘင်္ဂလိုးကို သွားရောက်ခဲ့တာပါ။ ဒေါ်လာသန်းထောင်ချီတန်ဘိုးရှိတဲ့ တိုက်လေယာဉ်တွေနဲ့ နျူကလီးယား နည်းပညာတွေအတွက် အိန္ဒိယနိုင်ငံနဲ့ ကန်ထရိုက် သဘောတူညီချက်တွေ ရရှိရေး ပြင်သစ်ကုမ္ပဏီတွေကိုယ်စား သမ္မတက လမ်းခင်းပြောဆိုလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ပြင်သစ်သမ္မတရဲ့ ခရီးစဉ်မှာတော့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဝန်ကြီးအဖွဲ့ဝင်ပေါင်း ၅၀ လောက် လိုက်ပါလာတာပါ။ တနင်္လာနေ့မှာတော့ သမ္မတ ဆာကိုဇီ ဟာ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ နောက်တနေ့ အင်္ဂါနေ့မှာတော့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းကို ခရီးဆက်ပြီး အဲဒီမှာ လူပေါင်း ၁၆၆ ယောက် သေဆုံးခဲ့ရတဲ့ ၂၀၀၈ ခုနှစ်တုန်းက စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရသူတွေကို သွားရောက် ဂါရဝပြုမှာပါ။

သမ္မတ ဆာကိုဇီရဲ့ ခရီးစဉ်ဟာဆိုရင် ပြင်သစ်နိုင်ငံက စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံပေါင်း ၂၀ (G-20) အဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာစဉ်ကစလို့ အဖွဲ့ဝင်နိုင်ငံတခုကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG