သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်မှာ ဒုတိယအကျော့ ရွေးကောက်ပွဲတွေ ဒီကနေ့ စတင်


ပြင်သစ်လက်ယာစွန်းပါတီ ခေါင်းဆောင်များ (AP Photo/Thomas Padilla, File)
ပြင်သစ်လက်ယာစွန်းပါတီ ခေါင်းဆောင်များ (AP Photo/Thomas Padilla, File)

ပြင်သစ်နိုင်ငံမှာတော့ ဒုတိယအကျော့ ရွေးကောက်ပွဲတွေကို ဒီနေ့မှာ ကျင်းပနေပြီး ပြင်သစ်နိုင်ငံသားတွေ မဲပေးနေကြပါတယ်။ ဒီရွေးကောက်ပွဲကနေ Marine Le Pen ရဲ့ လက်ယာစွန်း National Rally ပါတီအနေနဲ့ သမိုင်းဝင်အောင်ပွဲကို ရရှိသွားနိုင်သလို၊ ပါလီမန်မှာ ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်မရဘဲ နိုင်ငံရေးအရ နှစ်နဲ့ချီပြီး ရှေ့မတိုး နောက်မဆုတ်ဖြစ်တဲ့ အနေအထားလည်း ရောက်သွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ဥရောပပါလီမန်ရွေးကောက်ပွဲတွေမှာ သူ့ရဲ့ အလယ်အလတ်ဝါဒီတွေ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်၊ ပြင်သစ်သမ္မတ Emmanuel Macron က ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်ခဲ့တာြဖစ်ပါတယ်။

နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ ပြင်သစ်မှာ ရွေးကောက်ပွဲကို အခုလို ရုတ်တရက် ကျင်းပလိုက်တာက ယူကရိန်းစစ်ပွဲ အပါအဝင်၊ ကမ္ဘာလုံးဆိုင်ရာ သံခင်းတမန်ခင်း အနေအထားနဲ့ ဥရောပတိုက်ရဲ့စီးပွားရေး တည်ငြိမ်မှုတွေ အပေါ်မှာပါ အကျိုးသက်ရောက်မှုတွေ ရှိလာမှာြဖစ်ပါတယ်။

ပထမအကျော့ ရွေးကောက်ပွဲမှာတုန်းကတော့၊ ပြည်ပကနေ လာရောက်ရွှေ့ပြောင်း အခြေချနေထိုင်သူတွေကို ဆန့်ကျင်တဲ့ Marine Le Pen ရဲ့ National Rally အမျိုးသားရေးဝါဒီပါတီက မဲအများဆုံး အနိုင်ရခဲ့တာြဖစ်ပါတယ်။ ပြင်သစ်ပါလီမန်မှာ အမတ်နေရာ စုစုပေါင်း ၅၇၇ နေရာ ရှိပြီး ပြင်သစ်နိုင်ငံသား ၄၉ သန်းကျော်က မဲပေးဖို့အတွက် စာရင်းပေးထားကြတာြဖစ်ပါတယ်။

Forum

XS
SM
MD
LG