သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် ခံရမှု အောက်မေ့ဖွယ် အခမ်းအနား ပြင်သစ်မှာ ကျင်းပ


ပဲရစ်မြို့က အကြမ်းဖက်ခံရမှု အောက်မေ့ဖွယ်အခမ်းအနား။ (နိုဝင်ဘာ ၂၇၊ ၂၀၁၅)
ပဲရစ်မြို့က အကြမ်းဖက်ခံရမှု အောက်မေ့ဖွယ်အခမ်းအနား။ (နိုဝင်ဘာ ၂၇၊ ၂၀၁၅)

ပဲရစ်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှု မှာ သေဆုံးသွားသူတွေ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ်နဲ့ ပြင်သစ်နိုင်ငံ တဝှမ်းမှာ အလံတွေလွှင့်ပြီး၊ မနေ့သောကြာနေ့က ဂုဏ်ပြုခဲ့ကြပါတယ်။

ပြင်သစ်ပြည်သူတွေကို သူတို့ရဲ့ နေအိမ်ပြတင်းပေါက်တွေမှာ အလံတွေလွှင့်ပြီး၊ အဲဒီအလံတွေနဲ့ အတူ ကိုယ့်ဘာသာကိုယ်ဓါတ်ပုံရိုက်ပြီး ဂုဏ်ပြုကြဖို့ အစိုးရက တောင်းဆိုလိုက် တာဖြစ်ပြီး၊ အဲဒီနောက် ပြင်သစ်နိုင်ငံ အလံတွေဟာလည်း ရောင်းမလောက်အောင်ကို ဖြစ်သွားခဲ့ပါတယ်။

ပဲရစ်မြို့မှာ ဆိုရင်လည်း မြို့ခံတွေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေဟာ အဲဒီအကြမ်းဖက် တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ သေဆုံးသူ ငါးရာ လောက်အတွက် ယာယီပြုလုပ်ထားတဲ့ အထိမ်းအမှတ်နေရာတွေမှာ သွားရောက်ပြီး ဝတ်ပြု ဆုတောင်းတာတွေလုပ်ခဲ့ကြပါတယ်။

ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ IS အဖွဲ့က ပြောထားပါတယ်။

ပြင်သစ်သမ္မတ Hollande လည်း သေဆုံးသွားသူတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အတူ သွားရောက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

ပြင်သစ်နိုင်ငံနဲ့ အိမ်နီးချင်း ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာတော့ အကြမ်းဖက် တိုက်ခိုက်မှု သတိပေးချက်တွေ ထုတ်ပြန်ထားပြီး၊ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းဟာလည်း ကမ္ဘာတဝှမ်းကို လှည့်လည်ပြီး IS အစ္စလာမ်မစ် အစွန်းရောက်တွေကို တကမ္ဘာလုံးတညီတညွတ်တည်း တိုက်ဖျက် သွားဖို့အတွက် ထောက်ခံမှုတွေရအောင်လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG