သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ပြင်သစ် နေထိုင်စရိတ်စကကြီးမြင့်မှု ဆက်ပြီးဆန္ဒပြ


ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်က Champs Elysees လမ်းမကြီးပေါ်မှာ ဒီကနေ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွဲခဲ့ပါတယ်။ လောင်စာဆီဈေးနှုန်းမြင့်တက်မှုနဲ့ နေထိုင်စားရိတ်မြင့်မားလာတာကြောင့် ပြင်သစ်မှာ သီတင်းပတ်နဲ့ချီ ဆန္ဒပြပွဲတွေ ဖြစ်ပွါးလာနေတာပါ။ လူပေါင်း ၁၅၀၀ ထက်မနည်းဟာ ပဲရစ်မြို့တော်တခွင် ဆန္ဒပြနေကြတာဖြစ်ပြီး လူ ၁၃၀ လောက်ကို ဖမ်းဆီးထားတယ်လို့ ရဲတွေက ပြောပါတယ်။

သီတင်း ၄ ပတ်ကြာ ဆန္ဒပြနေတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ အီဖယ်လ်တာဝါနဲ့ တခြားနေရာအတော်များများကို ပိတ်ထားပြီး လုံခြုံရေးရဲ ထောင်နဲ့ချီလည်း ချထားပါတယ်။

ဒီကနေ့ စနေနေ့မှာ ဆန္ဒပြမယ့် အစီအစဉ်ကြောင့် အဖျက်ဆီးခံရမှာ အလုခံရမှာကို စိုးရိမ်ပြီး ဈေးဆိုင်အတော်များများလည်း ပိတ်ထားသလို အထင်ကရလမ်းမကြီးတွေကိုလည်း ရဲတွေက ပိတ်ထားပါတယ်။ ပြင်သစ်တနိုင်ငံလုံးမှာ ရဲတပ်ဖွဲ့ဝင်ပေါင်း ၈၉၀၀၀ ကျော် ချထားတာကြောင့် ဒါဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကထက် ၂၄၀၀၀ ပိုများလာတာပါ။ ဆန္ဒပြပွဲတွေအတွင်း ပဋိပက္ခတွေကြောင်း လူပေါင်း ၁၃၀ ကျော်လည်း ဒဏ်ရာရထားပါတယ်။ နိုဝင်ဘာလကတည်းက ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး လူ ၄ ဦး သေဆုံးခဲ့ရသလို လူထုရဲ့တောင်းဆိုမှုတွေကြောင့် လောင်စာဆီဈေးနှုန်းမြှင့်ဖို့ကို သမ္မတ Emmanuel Macron က ရပ်ဆိုင်းခဲ့ပေမယ့်လည်း အလုပ်သမားလူတန်းစားတွေ၊ အငြိမ်းစားတွေနဲ့ ကျောင်းသူကျောင်းသားတွေကို ထိခိုက်စေတဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ဆက်ပြီး ဆန္ဒပြမှုတွေဆက်ပြီး လုပ်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG