သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပပြဲေၾကာင့္ ျပင္သစ္ခရစၥမတ္ကာလ ခရီးသြားရခက္


ပင္စင္ခံစားခြင့္စနစ္ ျပင္ဆင္မည္ကုိ မေက်နပ္၍ ပဲရစ္ၿမိဳ႕တြင္ ဆႏၵျပေနသူမ်ား။ (ဒီဇင္ဘာ ၅၊ ၂၀၁၉)

(Zawgyi / Unicode)

ျပင္သစ္ႏိုင္ငံမွာ သမၼတ Emmanuel Macron ရဲ႕ ပင္စင္ခံစားခြင့္စနစ္ ျပင္ဆင္မွာကို မေက်နပ္လို႔ ဆႏၵျပေနတဲ့ သယ္ယူပို႔ေဆာင္ေရး သမဂၢေတြရဲ႕ ဆႏၵျပပြဲက ၁၈ ရက္ၾကာ ရွိေနၿပီမို႔ ရထားခရီးစဥ္ေတြ ဖ်က္သိမ္းထားတာ၊ လမ္းေတြပိတ္ဆို႔ေနတာေၾကာင့္ ခရစၥမတ္နဲ႔ ႏွစ္သစ္ကူးရာသီ အိမ္ျပန္ၾကမယ့္သူေတြ အေတာ္အခက္ႀကဳံေနရၿပီး ခရစၥမတ္ပြဲကို ဆင္ႏႊဲႏုိင္ဖို႔ အျခားနည္းလမ္း ရွာေနၾကပါတယ္။

ခရစၥမတ္ပြဲေတာ္ကာလမွာ ျပည္သူေတြနဲ႔ မိသားစုဘဝေတြကို စာနာေသာအားျဖင့္ သပိတ္ေမွာက္တာကို ယာယီရပ္ဆိုင္းထားေပးဖို႔ Ivory Coast ႏုိင္ငံကို ေရာက္ေနတဲ့ သမၼတ Macron က ေတာင္းဆိုထားၿပီး ဆႏၵျပသူေတြ တာဝန္ယူမႈရွိဖို႔ လိုတယ္လို႔ ေျပာပါတယ္။

စေနေန႔တုန္းက ကမၻာလွည့္ခရီးသည္ေတြနဲ႔ ျပည္တြင္းခရီးသြားေတြဟာ သူတုိ႔သြားလိုတဲ့ ေနရာေရာက္ဖို႔ အေတာ္ခက္ခက္ခဲခဲ သြားခဲ့ရၿပီး ခရစၥမတ္ကာလနဲ႔ေတာင္ သိပ္မတူသလို ျဖစ္ေနတယ္လုိ႔ ဆုိပါတယ္။

ျပင္သစ္အမ်ဳိးသားရထားေျပးဆြဲေရးဌာန (SNCF) ကေတာ့ ဖ်က္သိမ္းတဲ့ ခရီးစဥ္ေတြနဲ႔ ပတ္သက္လို႔ ႀကဳိတင္ေၾကညာေပးေနၿပီး ဝယ္ၿပီးသား လက္မွတ္ကိုလည္း ျပန္လဲေပးေနပါတယ္။ SNCF က ေျပးဆြဲေပးေနတဲ့ ျမန္ႏႈန္းျမင့္ ရထားခရီးစဥ္ထဲက တဝက္ေလာက္သာ ေျပးဆြဲေပးေနၿပီး ပဲရစ္ၿမဳိ႕ထဲက ရထားေတြနဲ႔ နယ္ဘက္က ရထားခရီးစဥ္ အေျမာက္အျမား ဖ်က္သိမ္းထားပါတယ္။

ကားအသြားအလာ လမ္းေၾကာင္း ခက္ခဲေနေပမယ့္ ျပည္သူေတြကေတာ့ ဘတ္စ္ကားနဲ႔ ကားတြဲစီးၾကဖို႔ ႀကဳိတင္လက္မွတ္ဝယ္ယူတာေတြ တုိးလာေနဆဲ ျဖစ္ပါတယ္။

----------------------------------

(Unicode)

ဆန္ဒပြပွဲကြောင့် ပြင်သစ်ခရစ္စမတ်ကာလ ခရီးသွားရခက်

ပြင်သစ်နိုင်ငံမှာ သမ္မတ Emmanuel Macron ရဲ့ ပင်စင်ခံစားခွင့်စနစ် ပြင်ဆင်မှာကို မကျေနပ်လို့ ဆန္ဒပြနေတဲ့ သယ်ယူပို့ဆောင်ရေး သမဂ္ဂတွေရဲ့ ဆန္ဒပြပွဲက ၁၈ ရက်ကြာ ရှိနေပြီမို့ ရထားခရီးစဉ်တွေ ဖျက်သိမ်းထားတာ၊ လမ်းတွေပိတ်ဆို့နေတာကြောင့် ခရစ္စမတ်နဲ့ နှစ်သစ်ကူးရာသီ အိမ်ပြန်ကြမယ့်သူတွေ အတော်အခက်ကြုံနေရပြီး ခရစ္စမတ်ပွဲကို ဆင်နွှဲနိုင်ဖို့ အခြားနည်းလမ်း ရှာနေကြပါတယ်။

ခရစ္စမတ်ပွဲတော်ကာလမှာ ပြည်သူတွေနဲ့ မိသားစုဘဝတွေကို စာနာသောအားဖြင့် သပိတ်မှောက်တာကို ယာယီရပ်ဆိုင်းထားပေးဖို့ Ivory Coast နိုင်ငံကို ရောက်နေတဲ့ သမ္မတ Macron က တောင်းဆိုထားပြီး ဆန္ဒပြသူတွေ တာဝန်ယူမှုရှိဖို့ လိုတယ်လို့ ပြောပါတယ်။

စနေနေ့တုန်းက ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ပြည်တွင်းခရီးသွားတွေဟာ သူတို့သွားလိုတဲ့ နေရာရောက်ဖို့ အတော်ခက်ခက်ခဲခဲ သွားခဲ့ရပြီး ခရစ္စမတ်ကာလနဲ့တောင် သိပ်မတူသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြင်သစ်အမျိုးသားရထားပြေးဆွဲရေးဌာန (SNCF) ကတော့ ဖျက်သိမ်းတဲ့ ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ကြိုတင်ကြေညာပေးနေပြီး ဝယ်ပြီးသား လက်မှတ်ကိုလည်း ပြန်လဲပေးနေပါတယ်။ SNCF က ပြေးဆွဲပေးနေတဲ့ မြန်နှုန်းမြင့် ရထားခရီးစဉ်ထဲက တဝက်လောက်သာ ပြေးဆွဲပေးနေပြီး ပဲရစ်မြို့ထဲက ရထားတွေနဲ့ နယ်ဘက်က ရထားခရီးစဉ် အမြောက်အမြား ဖျက်သိမ်းထားပါတယ်။

ကားအသွားအလာ လမ်းကြောင်း ခက်ခဲနေပေမယ့် ပြည်သူတွေကတော့ ဘတ်စ်ကားနဲ့ ကားတွဲစီးကြဖို့ ကြိုတင်လက်မှတ်ဝယ်ယူတာတွေ တိုးလာနေဆဲ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG