သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားနေတဲ့ ပြင်သစ်ပင်စင်ဥပဒေ သမ္မတ Macron ပြဌာန်း


Demonstrate gather outside the Paris town hall, Friday, April 14, 2023 in Paris after France's Constitutional Council approved an unpopular plan to raise the retirement age to 64.
Demonstrate gather outside the Paris town hall, Friday, April 14, 2023 in Paris after France's Constitutional Council approved an unpopular plan to raise the retirement age to 64.

ပြင်သစ်နိုင်ငံမှာ အငြင်းပွားစရာ ပင်စင်ပြုပြင်ပြောင်းလဲရေးဥပဒေကို သမ္မတ Emmanuel Macron က လက်မှတ်ရေးထိုး ပြဌာန်းလိုက်တဲ့အတွက် အလုပ်သမားသမဂ္ဂတွေက အကြီးအကျယ် ကန့်ကွက်ဆန္ဒပြပွဲတွေ လုပ်သွားမယ်လို့ ပြောကြားနေကြပါတယ်။ ပင်စင်ယူနိုင်မယ့်အသက်ကို ၆၂ နှစ်ကနေ ၆၄ နှစ်တိုးမယ့်အစီအစဉ်ပါဝင်တဲ့ ဥပဒေ မပြဌာန်းခင်ထဲက နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာပါ။

ဒီဥပဒေကြမ်းကို ဖွဲ့စည်းပုံတရားရုံးက သောကြာနေ့က အတည်ပြုခဲ့ပြီးနောက် ဒီနေ့စနေနေ့မှာ သမ္မတ Macron လက်မှတ်ရေးထိုး ပြဌာန်းလိုက်တာဖြစ်ပါတယ် ပင်စင်ဥပဒေပြုပြင်ပြောင်းလဲမယ့်အချက်တွေထဲက အသက် ၆၄ နှစ်မှ ပင်စင်ယူနိုင်မယ်ဆိုတဲ့အချက်နဲ့ ပင်စင်အပြည့်ခံစားနိုင်ဖို့ အလုပ်လုပ်ရမယ့် နှစ်တိုးတဲ့ အဓိကအချက် ၂ ခုဟာ ပြင်သစ်ဥပဒေနဲ့ ညီတယ်လို့ ၉ ဦးရှိတဲ့ ပြင်သစ်ဖွဲ့စည်းပုံတရာရုံး တရားသူကြီးတွေက လက်ခံအတည်ပြုခဲ့ပါတယ်။

ပင်စင်ယူရမယ့်အသက်ကို ၂ နှစ်တိုးတဲ့အပေါ် ပြည်သူတော်တော်များများက ကန့်ကွက်နေကြတာဖြစ်ပြီး၊ ဖွဲ့စည်းပုံတရားရုံးက လက်ခံအတည်ပြုတယ်ဆိုတဲ့ ကြေညာချက် သောကြာနေ့က ထွက်ပေါ်လာခဲ့ပြီးပြီးချင်းမှာပဲ ပါရီမြို့တော်မှာ ဆန္ဒပြပွဲတချို့ရှိခဲ့ပါတယ်။ အလုပ်သမားနေ့ဖြစ်တဲ့ မေလ ၁ ရက်နေ့ကျရင် အလုပ်သမားတွေအနေနဲ့ အလုံးအရင်းနဲ့ ချီတက်ကန့်ကွက် ဆန္ဒပြကြဖို့ အလုပ်သမားသမဂ္ဂတွေက ဆော်သြထားပါတယ်။ ပင်စင်ပြုပြင်ပြောင်းလဲရေးဟာ နိုင်ငံအတွက် မဖြစ်မနေလုပ်ဖို့ လိုအပ်တယ်လို့ သမ္မတ Macron ကပြောကြားထားပါတယ်။

==== Unicode =====




XS
SM
MD
LG