သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမန်တော်မိုဟာမက် ကာတွန်းကြောင့် ပြင်သစ် လုံခြုံရေးတင်းကျပ်


တမန်တော် မိုဟာမက်ကို ကာတွန်းရုပ်ပုံအဖြစ် ဖော်ပြ၍ ဖျက်ဆီးခံရသော ပြင်သစ်သတင်းစာတိုက် Charlie Hebdo
တမန်တော် မိုဟာမက်ကို ကာတွန်းရုပ်ပုံအဖြစ် ဖော်ပြ၍ ဖျက်ဆီးခံရသော ပြင်သစ်သတင်းစာတိုက် Charlie Hebdo
ပြင်သစ်နိုင်ငံက မဂ္ဂဇင်းတစောင်မှာ အစ္စလာမ် ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ တမန်တော် မိုဟာမက်ရုပ်ပုံကို ကာတွန်းအဖြစ် ရေးဆွဲဖော်ပြလိုက်တဲ့နောက် ကြိုတင် သတိထားတဲ့ အနေနဲ့ နိုင်ငံပေါင်း ၂၀ မှာရှိတဲ့ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေ၊ ယဉ်ကျေးမှု ဖလှယ်ရေးဌာနတွေနဲ့ ကျောင်းတွေကို ပိတ်ဖို့ စီစဉ်နေပါတယ်။

ပြင်သစ်အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဆင်ဆင်ခြင်ခြင် ပြုမူကြ ဖို့ ပြောဆိုနေချိန်မှာ ပဲ ပြင်သစ်သံတမန်ဆိုင်ရာ လုပ်ငန်းတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ အကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

ဝစ်လစ်စလစ်ပုံတွေ အပါအဝင် တမန်တော်မိုဟာမက်ရဲ့ ကာတွန်းရုပ်ပုံတွေပါဝင်တဲ့ အပတ်စဉ် ထုတ် ပြင်သစ်မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Charlie Hebdo ကို ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ အလားတူလှောင်ပြောင်တဲ့ ကာတွန်းရုပ်ပုံတွေ ဖော်ပြခဲ့လို့ ပြီးခဲ့တဲ့ နှစ်ထဲမှာတုန်းကလည်း မဂ္ဂဇင်းရဲ့ရုံးခန်းတွေကို မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက် ခံခဲ့ရတာပါ။

အမေရိကန် သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူကတော့ ဒီလို ပုံနှိပ် ထုတ်ဝေဖို့ မဂ္ဂဇင်းရဲ့ ဆုံးဖြတ်ချက် အပေါ် ပြစ်တင် ပြောဆိုလိုက်ပေမဲ့၊ ဒီလုပ်ရပ်ကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာမျိုးဟာလည်း မဖြစ်သင့်တဲ့အကြောင်း ပြောဆိုသွားပါတယ်။
XS
SM
MD
LG