သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သေနတ်သမား အပူတပြင်း ရှာဖွေဆဲ


ပြင်သစ် နိုင်ငံ Strasbourg မြို့လယ်က ခရစ်စမတ် ပစ္စည်းတွေ ရောင်းတဲ့ ဈေးမှာ သေနတ်သမား လက်ချက်နဲ့ လူ ၂ ဦး သေဆုံးခဲ့ပြီးနောက် သေနတ်သမားကို ပြင်သစ်အာဏာပိုင်တို့ လိုက်လံရှာဖွေနေပါတယ်။

မနေ့နှောင်းပိုင်းက ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် သေနတ်သမား ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ဒီနေ့မှာတော့ ရာနဲ့ချီတဲ့ လုံခြုံရေးတွေကိုလည်း တိုးမြှင့်ချထားခဲ့တာပါ။ သေနတ်သမားဟာ အသက် ၂၉ နှစ်အရွယ်၊ Cherif Chekatt ဆိုသူဖြစ်ပြီး၊ အစွန်းရောက်ဝါဒီတဦးအဖြစ် စောင့်ကြည့်နေတဲ့ မသင်္ကာသူစာရင်းမှာ ထည့်သွင်းထားသူ ဖြစ်ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ခိုက်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ပြင်သစ်နိုင်ငံကတော့ လုံခြုံရေးကို အရေးပေါ် တိုက်ခိုက်မှုအဆင့်ကို တိုးမြှင့်လိုက်ပြီး၊ နယ်စပ်ဒေသမှာ လုံခြုံရေးကို တင်းကျပ်လိုက်သလို၊ ခရစ္စမတ်ဈေးမှာလည်း လုံခြုံရေးကို တိုးမြှင့်လိုက်ပါတယ်။ သေနတ်သမားဟာ ၂၀၁၆ ခုနှစ်တုန်းက ဂျာမနီနိုင်ငံမှာ အရေးယူခံခဲ့ရဖူးသူဖြစ်ကြောင်းလည်း ဂျာမနီ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောဆိုထားပြီး၊ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ပြင်သစ်နိုင်ငံကို ပြန်ပို့ခံခဲ့ရတာလို့လည်း သတင်းတွေက ဖော်ပြနေကြတာပါ။

ပြင်သစ်နိုင်ငံမှာ တိုက်ခိုက်မှုဖြစ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ နယ်စပ်လုံခြုံရေးကို ဂျာမနီအစိုးရက တိုးမြှင့်လိုက်ကြောင်း ပြောခွင့်ရသူက ပြောဆိုခဲ့ပေမဲ့ နိုင်ငံတွင်းမှာတော့ လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ် အဆင့်တိုးမြှင့်တာမျိုးတော့ မရှိကြောင်းလည်း ပြောပါတယ်။ သေဆုံးသူတွေထဲက တယောက်ဟာ ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားတဦးဖြစ်ပြီး၊ ခေါင်းမှာသေနတ်မှန်ပြီးနောက် အရေးပေါ် ကုသပေးခဲ့ပေမဲ့ သေဆုံးသွားခဲ့ကြောင်းလည်း ကိုယ်တိုင်တွေ့သူတယောက်က သတင်းထောက်တွေကို ပြောပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron ကတော့ စုံစမ်းစစ်ဆေးမှုနဲ့ လုံခြုံရေးအတွက် ဆွေးနွေးဖို့ ရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG