သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်မှုအသစ်ကျူးလွန်မယ့် အကြမ်းဖက်အုပ်စုကို ပဲရစ်ရဲဖြိုခွင်း


Saint-Denis တိုက်ခန်းကို ဝင်စီးဖို့ ပြင်သစ်အာဏာပိုင်တွေ တံခါးကို ဖျက်နေစဉ်
Saint-Denis တိုက်ခန်းကို ဝင်စီးဖို့ ပြင်သစ်အာဏာပိုင်တွေ တံခါးကို ဖျက်နေစဉ်

အစ္စလာမ်မစ် စစ်သွေးကြွတွေလို့ သံသယရှိတဲ့သူတွေကို ပစ်မှတ်ထားပြီး ပြင်သစ်ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ လင်းအားကြီးအချိန် စီးနင်းတိုက်ခိုက်ခဲ့တာမှာ အကြမ်းဖက်သမားတွေအနေနဲ့ တိုက်ခိုက်မှုအသစ်တခုကို စီစဉ်နိုင်စွမ်း ရှိတယ်ဆိုတာ ပြသနေတယ်လို့ ပဲရစ်ဥပဒေအရာရှိ Francois Molin က ပြောဆိုပါတယ်။

“အကြမ်းဖက်အဖွဲ့သစ်တခုကို ဖြိုခွင်းနိုင်လိုက်ပါပြီ။ သူတို့တွေရဲ့ လက်နက်တွေ၊ သူတို့အဖွဲ့အစည်းနဲ့၊ သူတို့ရဲ့ ပိုင်းဖြတ်ထားမှုတွေ ကွန်မန်ဒို အသေခံတပ်ဖွဲ့တွေက ချေမှုန်းနိုင်ခဲ့ပြီဆိုတာ အထောက်အထားအားလုံးက ပြသနေပါတယ်” - လို့ Molin က ပြောပါတယ်။

ဝင်ရောက် စီးနင်းမှုလုပ်ခဲ့တဲ့ နေရာကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က အတိုက်ခံခဲ့ရတဲ့ နေရာတခုဖြစ်တဲ့ ဘောလုံးကွင်းနဲ့ တစ်မိုင်ကျော်ကျော်လောက်သာ ကွာဝေးတဲ့နေရာမှာ ဖြစ်ပါတယ်။

ပဲရစ်တိုက်ခိုက်မှုတွေကို နောက်က ကြိုးကိုင်ပေးခဲ့တယ်လို့ သံသယရှိနေသူ Abdelhamid Abaaoud ဟာ Saint-Denis တိုက်ခန်းမှာ ရောက်နေဟန် ရှိတယ်လို့ ယုံကြည်ရတဲ့ သတင်းအချက်လက်တွေကို ထောက်လှမ်း ရယူနိုင်ခဲ့ပြီးတဲ့နောက် အခုလို ဝင်ရောက် စီးနင်းလိုက်တာ ဖြစ်တယ်လို့ Molin က အတည်ပြု ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG