သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဂျာနယ်တိုက် ပစ်ခတ်မှု ၁၀ ဦးကျော် သေဆုံး


ပြင်သစ်နိုင်ငံက သရော်စာတွေရေးတဲ့ အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်မှာ ပစ်ခတ်မှု ဖြစ်သွားခဲ့တာမှာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၁၀ ဦးလောက် ထိခိုက် ဒဏ်ရာရသွားတယ်လို့ ပြင်သစ်အရာရှိတွေက ပြောပါတယ်။

သတင်းစာတိုက်ရှိတဲ့ အဆောက်အဦးထဲကို သေနတ်သမား ၃ ဦး ဝင်လာပြီး မောင်းပြန်သေနတ်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ သေနတ် သမားတွေဟာ ထွက်ပြေး လွတ်မြောက်သွားကြတယ်လို့ ဆိုပါတယ်။

မဂ္ဂဇင်းအယ်ဒီတာ Stephane Charbonnier နဲ့ အနည်းဆုံး ကာတွန်းဆရာ ၃ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ကြောင်း ပြင်သစ်သမ္မတ Francois Hollande က ပြစ်တင် ရှုတ်ချလိုက်ပြီး ပဲရစ်မြို့မှာ အကြမ်းဖက်မှု သတိပေးချက် အမြင့်ဆုံးအဆင့်ကို ထုတ်ပြန်ထားပါတယ်။

ဘယ်အကြမ်းဖက် တိုက်ခိုက်မှုကမှ သတင်းလွတ်လပ်ခွင့် ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုပြီး သတင်း မီဒီယာ လွတ်လပ်ခွင့်အပေါ် သမ္မတ Hollande က ကာကွယ် ပြောကြားလိုက်ပါတယ်။ လက်ဝဲယိမ်းတဲ့ ဒီသတင်းစာတိုက်အနေနဲ့ တခါတလေမှာ မလေးမစား ဖြစ်သွားစေတဲ့ ရေးသားမှုတွေကြောင့် ဘာသာရေးနဲ့ ယဉ်ကျေးမှု အဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်ခြင်း မကြာခန ခံနေရတာလည်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းကလည်း တမန်တော် မိုဟာမက်ရဲ့ ကာတွန်းပုံကို သတင်းစာမျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့အတွက် ဒီသတင်းစာတိုက်ကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်မှု ဖြစ်သွားခဲ့ပါသေးတယ်။

XS
SM
MD
LG