သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ပြင်သစ်မှာ အကြမ်းဖက်သမားတွေ သေဆုံး


ပဲရစ်မြို့တော်ရှိ ဓားစာခံများအဖမ်းခံထားရသည့် ဂျူး ကုန်တိုက်အနီး နေရာယူနေသည့် ရဲတပ်ဖွဲဝင်များ။ ဇန်န၀ါရီ ၉၊ ၂၀၁၅။

Charlie Hebdo မဂ္ဂဇင်းတိုက်ကို ၀င်ပစ်ပြီး လူသတ်ခဲ့တယ်လို့ သံသယရှိသူနှစ်ဦး သေသွားပြီလို့ ပြင်သစ် တာဝန်ရှိသူတွေက ပြောပါတယ်။ ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ သူတို့ဖမ်းထားတဲ့ ဓားစာခံဟာလည်း ရဲတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ချိန်အတွင်း လွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။

ပဲရစ်မြို့တော်က သီးခြားဖြစ်ရပ်မှာတော့ ဂျူး ကုန်တိုက်တခုမှာ ဓားစာခံတွေကိုဖမ်းထားတဲ့ နောက်ထပ် သေနတ်သမားတဦးကိုလည်း ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်အတွင်း ဓားစာခံသုံးဦး လည်း သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပဲရစ်မြို့တော်နဲ့ နိုင်ငံမြောက်ပိုင်းက Dammartin-en-Goele မြို့က နှစ်နေရာစလုံးကို သောကြာနေ့ နေ့လည် ပိုင်းက တပြိုင်ထဲနီးပါး ရဲတပ်ဖွဲ့က ၀င်ရောက်တာနဲ့အမျှ ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေကို ကြားကြရပါ တယ်။

သရော်စာ မဂ္ဂဇင်းတိုက်ကို ဒီသီတင်းပတ်အတွင်း ၀င်ပစ်ခဲ့မှုနဲ့ သံသယရှိနေတဲ့ ညီအကိုနှစ်ဦးဖြစ်သူ Cherif နဲ့ Said Kouachi တို့ဟာ သူတို့ပုန်းနေတဲ့ ကုန်လှောင်ရုံထဲကနေ ထွက်လာပြီး ချဉ်းကပ်လာနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို စ ပစ်ပါတယ်။ သူတို့ကို ရဲတပ်ဖွဲ့အင်အားအများအပြားက ပြန်ပစ်ပြီး တားလိုက်တာပါ။

ပဲရစ်မြို့တော်က ဖြစ်ရပ်မှာတော့ ပဲရစ် ဂျူးရပ်ကွက်လို့သိကြတဲ Port de Vincennes နားက ကုန်တိုက်ထဲကို လုံခြုံရေးတပ်ဖွဲ့တွေ အတင်း ၀င်စီးကြပါတယ်။ အစောပိုင်းတုန်းက အဲဒီကုန်တိုက်ထဲ ၀င်စီးထားတဲ့ သေနတ် သမားကို ရဲတွေက ပစ်သတ်လိုက်ပြီး ဖမ်းခံထားရတဲ့ ဈေးဝယ်သူတွေနဲ့ ၀န်ထမ်းတွေကို ကယ်လိုက်ပါတယ်။

ဓားစာခံငါးဦးထက်မနည်း အဖမ်းခံခဲ့ရပြီး သုံးယောက်သေသွားတယ်လို့ အာဏာပိုင်တွေက ပြောပေမယ့် ဘယ် အချိန်မှာ ဘယ်သူ့လက်ချက်ကြောင့် သူတို့သေသွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

XS
SM
MD
LG