သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရွေးကောက်ပွဲ လကျ်ာစွန်းပါတီ အလားအလာကောင်း


ပဲရစ်မြို့က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ပိုစတာများ (L. Bryant/VOA)
ပဲရစ်မြို့က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ပိုစတာများ (L. Bryant/VOA)

ပြင်သစ်နိုင်ငံမှာ ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်အရွေးခံရပြီး ထောက်ခံသူတွေ လမ်းပေါ်ထွက် ကခုန်ခဲ့ကြတဲ့ အာဏာရ ဆိုရှယ်လစ်ပါတီဟာ ၅ နှစ်လောက် ကြာလာချိန်မှာ အာဏာ လျော့နည်းလာနေပါတယ်။ သမ္မတရွေးကောက်ပွဲအတွက် တနင်္ဂနွေနေ့ ပါတီတွင်းပဏာမ ရွေးချယ်ပွဲမတိုင်ခင်မှာပဲ အယူအဆပိုင်း ဆိုင်ရာ စိတ်ဝမ်းကွဲမှုတွေနဲ့ သူတို့ပါတီကို လူကြိုက်နဲလာကြသလို ပြိုကွဲနိုင်ချေပါ ရှိနေတယ်လို့ တချို့က သတိပေးကြပါတယ်။

နိုင်ငံတွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုကြီး ၃ ကြိမ်ကြုံခဲ့ရသလို အလုပ်လက်မဲ့နှုန်းက စံတင်လောက်အောင် မြင့်တက်နေချိန်မှာ ပါရီမြို့လမ်းမ တွေပေါ်နဲ့ Calais ကအခုဖျက်သိမ်းလိုက်တဲ့ ဒုက္ခသည်စခန်းတွေမှာ ရွှေ့ပြောင်း အခြေချသူ ဆိုင်ရာ ပြဿနာတွေကိုပါ ထင်ထင်ရှားရှား မြင်နေရတာမို့ မဲဆန္ဒရှင်တွေဟာ တခြားပါတီတွေနဲ့ လူသစ်တွေကို မဲပေးဖို့ စဉ်းစားနေကြတာပါ။

အမေရိကန်နိုင်ငံမှာ သောကြာနေ့က သမ္မတသစ် Donald Trump တက်လာပြီး ဥရောပတလွှား လင်္ကျာစွန်းတွေ လူကြိုက်များလာသလို ပြင်သစ်မှာလည်း အခုလာမယ့် ဧပြီလ ပထမအကျော့ သမ္မတ ရွေးကောက်ပွဲမှာ လင်္ကျာစွန်း အမျိုးသားတပ်ဦး ပါတီ အနိုင်ရမယ်လို့ အများက ခန့်မှန်းနေ ကြပါတယ်။

လက်ဝဲဝါဒီကို မထောက်ခံပဲ အယုံအကြည် မရှိဖြစ်လာတာ အကြောင်းရင်း အများအပြား ရှိတယ်လို့ Sciences Po Bordeaux တက္ကသိုလ်က နိုင်ငံရေး ဆန်းစစ်သူ Jean Petaux ကပြောပါတယ်။ တချို့က သူတို့ရဲ့ လက်ဝဲအတွေးအခေါ်ကို သစ္စာဖေါက်တယ်လို့ ယုံကြည်ပေမယ့် အများကတော့ ပြုပြင်ပြောင်းလဲမှုတွေ ကောင်းကောင်းမလုပ်တာကြောင့်ဖြစ်တယ် လို့ဝေဖန်ပါတယ်။

ဒီရွေးကောက်ပွဲကို လူထုထောက်ခံမှု လုံးဝကျဆင်းနေတဲ့ သမ္မတ Francois Hollande က ထပ်ပြီး ယှဉ်ပြိုင်မှာ မဟုတ်ဖူးလို့ ကြေညာထားပါတယ်။

ပြင်သစ်ရွေးကောက်ပွဲ လကျ်ာစွန်းပါတီ အလားအလာကောင်း
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG