သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်မှာ ဆက်လက် ဆန္ဒပြနေဆဲ


ပြင်သစ် ဆန္ဒပြမှု
ပြင်သစ် ဆန္ဒပြမှု

ပြင်သစ်သမ္မတ Macron ရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ လောင်စာဆီအခွန် တိုးကောက်မယ့်ကိစ္စကို ဆန့်ကျန်တဲ့ ပဲရစ်မြို့က အဝါရောင် ရောင်ပြန်အင်္ကျီဝတ် ဆန္ဒပြသူတွေဟာ စနေနေ့က ပြင်သစ်လွှတ်တော်ကို ဝင်ရောက်ဆန္ဒပြနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြလာဟာ ခုဆို သီတင်းပတ် (၁၃)ပတ်ထဲ ဝင်လာပြီ ဖြစ်ပါတယ်။

ဆန္ဒပြသူ တချို့က ရဲတွေကို ပစ္စည်းအကျိုးအပဲ့တွေနဲ့ ပစ်ပေါက်ကြသလို၊ ကားနဲ့ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးကြပါတယ်။ ရဲတွေကတော့ မျက်ရည်ယိုဗုံးနဲ့ ရာဘာဒုတ်တွေသုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။ အဲဒီနောက် ဆန္ဒပြသူတွေဟာ လယ်ဇန့်ဗာလီးဆန့်ချ် ရှေးဟောင်း အဆောက်အဦနဲ့ အီဖယ်မျှော်စင်ရှိရာကို ချီတက်သွားကြပါတယ်။

အဲဒီဆန္ဒပြပွဲအတွင်း အနည်းဆုံး လူ(၃၀)ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဒီသီတင်းပတ်ထဲ ဆန္ဒပြမှုဟာ အရင်တပတ်ကထက် စာရင် သိသိသာသာ နည်းတယ်လို့ ပြင်သစ်ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ လလောက်ကစလို့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး ထောင်ပေါင်းများစွာသူ ပြည်သူတွေဟာ အဝါရောင် ရောင်ပြန်အင်္ကျီတွေ ဝတ်ရင်း ပဲရစ်မြို့နဲ့ အခြားမြို့တွေမှာပါ ဆန္ဒပြရင်း ရွေကောက်ပွဲကို စောစောစီးစီး ကျင်းပပေးဖို့ တောင်းဆိုနေကြတာပါ၊ ဒါပေမဲ့ ဆန္ဒပြသူတွေကြားမှာ နိုင်ငံရေးအရ ကွဲပြားမှုရှိနေသလို၊ အတိုက်အခံ ခေါင်းဆောင်တယောက်ကို ရွေးချယ်နိုင်ခြင်းလည်း မရှိသေးပါဘူး။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လူထုစစ်တမ်းအရ သမ္မတ Macron အပေါ် ထောက်ခံသူ ပြန်တက်လာခဲ့ပါတယ်။

ပြင်သစ်မှာ ဆက်လက် ဆန္ဒပြနေဆဲ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG