သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတရွေးကောက်ပွဲ ဒုတိယအကြော့ပြန်ကျင်းပမည်


ပြင်သစ်သမ္မတရွေးကောက်ပွဲ။
ပြင်သစ်သမ္မတရွေးကောက်ပွဲ။

[[Zawgyi/Unicode]]

ပြင်သစ်နိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ ပထမအကြော့ ရွေးကောက်ပွဲ မဲရလာဒ်တွေအရ လက်ရှိသမ္မတ Emmanuel Macron နဲ့ လက်ယာစွန်းခေါင်းဆောင် Marine Le Pen တို့ ဧပြီလ ၂၄ ရက်နေ့ကျရင် ကျင်းပမယ့် ဒုတိယအကြော့ ရွေးကောက်ပွဲမှာ ထပ်ပြီး ပြိုင်ဆိုင်ကြရမှာဖြစ်ပါတယ်။

မဲစုစုပေါင်း ၉၀% ရေတွက်ပြီးချိန်မှာ Macron က မဲ ၂၇% ရရှိထားပြီး Le Pen က ၂၄% ရရှိနေပါတယ်။ ပါရီမြို့က တချို့မဲရုံတွေမှာ နေ့လယ်ခင်းရောက်ချိန် မဲပေးဖို့ လိုင်းရှည်ကြီးတွေမှာ တန်းစီနေကြသူတွေရှိခဲ့တဲ့တချိန်တည်းမှာ သာယာတဲ့ရာသီဥတုကို ခံစားနေကြတဲ့ ပါရီမြို့သူ မြို့သားတွေလည်း အများအပြားရှိခဲ့ပါတယ်။ မဲရုံပိတ်ချိန်မှာတော့ မဲပေးသူအရေအတွက်ဟာ အကဲခတ်တွေ စိုးရိမ်ခဲ့ကြသလောက်မနည်းဘဲ မဲပေးခွင့်ရှိသူရဲ့ ၇၅% ဝန်းကျင်ရှိခဲ့ပါတယ်။

နိုင်ငံရွှေ့ပြောင်းအခြေချသူတွေကို မလိုလားသလို EU ဥရောပကိုလည်း ဝေဖန်နေတဲ့ Marine Le Pen က ရွေးကောက်ပွဲ မဲဆွယ်စဉ်မှာ အဲဒီအမြင်တွေကို သိပ် ရှေ့တန်းမတင်ဘဲ ပြင်သစ်လူမျိုးတွေရဲ့ နေရေး၊ စားရေးအခြေအနေ တိုးတက်အောင်လုပ်ပေးမယ်ဆိုတဲ့ မဲဆွယ်စည်းရုံးမှုတွေလုပ်ခဲ့တာကြောင့် ရွေးကောင်ပွဲအကြို စစ်တမ်းတွေမှာကတည်းက သူ့အပေါ် ထောက်ခံမှု တဟုန်ထိုး တက်လာခဲ့တာပါ။

ယူကရိန်းစစ်ပွဲကိစ္စကြောင့် အလုပ်တွေသိပ်များနေတယ်လို့ဆိုတဲ့ သမ္မတ Macron ကတော့ ပထမကြော့ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးပွဲကြီး တခုသာလုပ်ခဲ့သလို တခြား ကိုယ်စားလှယ်လောင်းတွေနဲ့ မျက်နှာချင်းဆိုင် အခြေအတင် စကားရည်လုပွဲတွေလည်း မပါဝင်ခဲ့ပါဘူး။

အဲဒါကြောင့် သူ့အပေါ် ထောက်ခံမဲနည်းခဲ့တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ပြင်သစ်သမ္မတရွေးကောက်ပွဲ ဒုတိယအကြော့ပြန်ကျင်းပမည်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

============

[[Unicode]]







============

XS
SM
MD
LG