သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွ နှိမ်နင်းရေး နိုင်ငံတကာ ညီလာခံ ပြင်သစ်မှာ ကျင်းပ


IS စစ်သွေးကြွ နှိမ်နင်းရေး နိုင်ငံတကာညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်။
IS စစ်သွေးကြွ နှိမ်နင်းရေး နိုင်ငံတကာညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်။

ဆီးရီးယားအရေးကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့နဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ချေမှုန်းဖို့အတွက် ဒီကနေ့ တနင်္လာနေ့မှာ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်တဲ့ ဥရောပနဲ့ အာရပ် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စကားပြောဆိုဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်နေပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ သူ့ရဲ့ ဆီးယားနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Staffan de Mistura တို့ ပါဝင်မယ့် သောကြာနေ့မှာ ပြုလုပ်မယ့် နယူးယောက်မြို့အစည်းအဝေးအတွက် သံတမန်တွေဟာ အရှိန်အဟုန်တိုးလုပ်ဆောင် နေကြတာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့မှာ ငြိမ်းချမ်းရေး စကားပြောဆို ဆွေးနွေးနိုင်ဖို့အတွက် နိုင်ငံတကာ သဘောတူညီမှုအပေါ် အခြေခံတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းတရပ် လိုလားကြောင်း ပြီးခဲ့တဲ့လ Vienna မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း သဘောတူခဲ့ကြပါတယ်။

တိုးတက်မှု အနည်းအကျဉ်းသာရှိပြီး ၂၀၁၄ ခုနှစ်မှာ အဆုံးသတ်သွားတဲ့ ကုလသမဂ္ဂ ကြားဝင်ညှိနှိုင်းပေးတဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ကိစ္စ ဖြစ်ပြီးကတည်းကစလို့ ဒီညှိနှိုင်းဆွေးနွေးရေးဆီ တွန်းအားပေးလုပ်ဆောင်မှုဟာ ၂ နှစ်နီးပါးအတောအတွင်း လေးလေးနက်နက် အရေးကြီးလုပ်ဆောင်တာလည်းဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းကစပြီးတော့ အီရတ် နိုင်ငံ အနောက်ဘက်၊ မြောက်ဘက်နဲ့ ဆီးရီးယား အရှေ့ဘက် နေရာဒေသ အတော်များများကို သိမ်းယူခဲ့တဲ့ IS စစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်မှု အရှိန်မြင့်တက်လာသလို သမ္မတ Bashar al-Assad အစိုးရကို အကြီးအကျယ် တိုက်ခိုက်တဲ့ အတိုက်အခံအဖွဲ့တွေနဲ့ စစ်သွေးကြွအုပ်စုတွေ ပိုမိုများပြားလာနေတာဖြစ်ပါတယ်။

XS
SM
MD
LG