သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS တိုက်ဖျက်ရေးကူညီဖို့ နိုင်ငံ ၃၀ ကတိပြု


ပြင်သစ်သမ္မတ Francois Hollande (ယာ) နဲ့ အီရတ်သမ္မတ Fouad Massoum တို့အား IS အစ္စလာမ်အစွန်းရောက်တွေတိုက်ဖျက်ရေး နိုင်ငံတကာညီလာခံမှာတွေ့ရစဉ်။ (စက်တင်ဘာ ၁၅၊ ၂၀၁၄)
ပြင်သစ်သမ္မတ Francois Hollande (ယာ) နဲ့ အီရတ်သမ္မတ Fouad Massoum တို့အား IS အစ္စလာမ်အစွန်းရောက်တွေတိုက်ဖျက်ရေး နိုင်ငံတကာညီလာခံမှာတွေ့ရစဉ်။ (စက်တင်ဘာ ၁၅၊ ၂၀၁၄)

နိုင်ငံပေါင်း ၃၀ က အီရတ်နိုင်ငံတွင်း IS အစ္စလာမ်အစွန်းရောက်တိုက်ဖျက်ရေးမှာ စစ်ရေးအပါအဝင် လိုတာအားလုံး ဝိုင်းကူပေးသွားမယ်လို့ ကတိပြု လိုက်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဒီနေ့လုပ်တဲ့ နိုင်ငံတကာညီလာခံအပြီး ကြေညာချက်ထုတ်ရာမှာ အီရတ်အစိုးရဘက်က တောင်းဆို လာတာကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အရပ်သားတွေရဲ့လုံခြုံရေးကိုလည်း မထိခိုက်စေဘဲ ဝိုင်းကူပေးသွားဖို့ တသဘောတည်းရှိတယ်လို့ ဒီနိုင်ငံတကာ သံတမန်တွေက ထုတ်ပြောလိုက်တာပါ။

ဒီညီလာခံကို နိုင်ငံပေါင်း ၃၀ က အရာရှိတွေအပြင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေလည်း တက်ရောက်နေကြပါတယ်။ တကယ်တော့ ဒီညီလာခံဟာ IS အစ္စလာမ်အစွန်းရောက်အဖွဲ့ တိုက်ဖျက်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ ထူထောင်ရေး ကြိုးပမ်းမှုအတွက် နောက်ဆက်တွဲ ဆက်ဖြစ်လာတာပါ။

ဒီ ညီလာခံမှာ အီရတ်သမ္မတနဲ့အတူ အဖွင့်မိန့်ခွန်းပြောခဲ့တဲ ပြင်သစ် သမ္မတ Francois Hollande က IS အစ္စလာမ်အစွန်းရောက်အဖွဲ့ဟာ ကမ္ဘာ တခုလုံးကို ခြိမ်းခြောက်လာတာနေတယ်၊ အချိန် ထပ်အကုန်ခံလို့ မရတဲ့ အခြေအနေကို ရောက်နေပြီလို့ လို့ ဆိုလိုက်ပါတယ်။ သမ္မတ Hollande ပြင်သစ်လိုပြောသွားတာက ဒီအကြမ်းဖက်မှုဟာ ဒေသတခုလုံးကိုပြန့်နေပြီ၊ အီရတ်မှာ၊ ဆီရီးယားမှာ သူတို့ရှိနေပြီ၊ ဒီအကြမ်းဖက်လှုပ်ရှားမှုဟာ နိုင်ငံ နယ်စပ်တွေကို ဖြတ်ကျော်ပြီး အင်ပါယာတခု ထူထောင်ဖို့ စိုင်းပြင်းနေတယ်၊ ကမ္ဘာတခုလုံးအတွက် ခြိမ်းခြောက်လာနေပြီး ဒါကြောင့် တကမ္ဘာလုံးက ဝိုင်းဖြေရှင်းပေးရတော့မယ်လို့ ဆိုတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေး ဝိုင်းကူပေးဖို့ အရှေ့အလယ်ပိုင်းဒေသတွင်းက ခေါင်းဆောင်တွေကို သွားဆွေးနွေးအပြီး၊ ဒီ ပြင်သစ်က ညီလာခံကို တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG