သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ကျူးးဘားရောက်


ကျူးဘားခရစ်ယာန်အသင်းတော်အကြီးအကဲက သမ္မတ Raul Castro နဲ့အတူ ရပ်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ရဲ့လက်ကို နန်းရှုတ်နှုတ်စဉ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)
ကျူးဘားခရစ်ယာန်အသင်းတော်အကြီးအကဲက သမ္မတ Raul Castro နဲ့အတူ ရပ်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ရဲ့လက်ကို နန်းရှုတ်နှုတ်စဉ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)

ကျူးဘားနဲ့ အမေရိကန်ပြည်ထောင်စုကို ၁၀ ရက် သမိုင်းဝင်ခရီးစဉ်အဖြစ် စနေနေ့မှာ စတင်လိုက်တဲ့ ပုပ်ရဟန်းမင်းကြီး Francis က ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်ကို ရောက်ရှိသွားပြီး အချိန်အတော်ကြာ ခပ်တန်းတန်းဖြစ်နေခဲ့ကြတဲ့ အိမ်နီးချင်းနှစ်နိုင်ငံကြား ပြန်လည် သင့်မြတ်မှုဟာ တကမ္ဘာလုံးမှာ ပြန်လည်သင့်မြတ်ရေး နမူနာတခုဖြစ်သလို မျှော်လင့်ချက်တွေ ပြည့်ဝလာစေတယ်လို့ ချီးမွမ်းစကား ပြောကြားခဲ့ပါတယ်။

ဗာတီကန်ကျောင်းတော်က အဓိကအခန်းကဏ္ဍက ပါဝင်စေ့စပ်ပေးခဲ့ရာက ရရှိလာတဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကိုလည်း နွေးထွေးအောင် ဆောင်ရွက်ကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းခဲ့သလို တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှုရဲ့အောင်မြင်မှုလက္ခဏာတရပ် ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ကို ကျူးဘားသမ္မတ ရာဟူး ကတ်စထရို (Raul Castro) ကိုယ်တိုင် လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့သလို ကျူးဘားနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေမှာ ဘာသာရေးလွတ်လပ်မှုဟာ အရေးကြီးတယ်ဆိုတာကိုလည်း ကြိုဆိုပွဲမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ - ကျူးဘားသမ္မတ ရာဟူး ကတ်စထရိုနဲ့ သီးခြားတွေ့ဆုံမှု မတိုင်ခင် ဟာဗားနားမြို့ရဲ့ တော်လှန်ရေးရင်ပြင်မှာ လူထုကို တရားဟောကြားမှာ ဖြစ်ပါတယ်။

ကျုးဘားနိုင်ငံမှာ ဘာသာရေး ကိုးကွယ်မှုကို တရားဝင် လက်ခံမထားပေမဲ့လည်း ရိုမန်ကက်သလစ် ဘုရားကျောင်းကို ပြန်လာမယ်လို့ ဒီနှစ် အစောပိုင်းမှာပဲ ကတိပေးထားတဲ့ ပုပ်ရဟန်းမင်းကြီးကို ကျူးဘားသမ္မတက လေးစားကြည်ညိုနေတာပါ။ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ကို ခရီးမဆက်မီ ၃ ရက်ကြာ ကျူးဘားနိုင်ငံခရီးစဉ်အတွင်း ဟိုဂင် (Hoguin) နဲ့ စန်တီယေးဂိုး (Santiago) မြို့တွေကိုလည်း ပုပ်ရဟန်းမင်းကြီး သွားရောက်ပြီး တရားဟောကြားဖို့ ရှိသလို ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

XS
SM
MD
LG