နိုင်ဂျီးရီးယားနိုင်ငံမှာ အခြေစိုက်တဲ့ Boko Haram စစ်သွေးကြွအဖွဲ့ဟာ အာဖရိကတိုက် အလယ်ပိုင်းနဲ့ အနောက်ပိုင်းအတွက် ခြိမ်းခြောက်မှု
အန္တရာယ်တခုဖြစ်လာနေပြီ၊ ဒီအဖွဲ့ကို ချေမှုန်းဖို့ အလုံးစုံပါဝင်တဲ့ အစီအစဉ်တခုကို ချမှတ်ရမယ်လို့ ပြင်သစ်သမ္မတ Francois Hollande
က ပြောလိုက်ပါတယ်။
နိုင်ဂျီးရီးယား နဲ့ နိုင်ဂျီးရီးယား ရဲ့အိမ်နီးချင်းနိုင်ငံတွေက သမ္မတတွေတက်ရောက်ကြတဲ့ ဆွေးနွေးပွဲကို Paris မြို့တော်မှာ စနေနေ့က ကျင်းပအပြီး သတင်းစာရှင်းပွဲမှာ ပြင်သစ်သမ္မတက ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ Boko Haram အဖွဲ့က နိုင်ဂျီးရီးယား ကျောင်းသူမိန်းကလေး ၃၀၀ နီးပါးကို ဖမ်းဆီးပြန်ပေးဆွဲထားချိန်မှာပဲ ခုလို ပြင်သစ်မှာ ဆွေးနွေးပွဲကို ကျင်းပခဲ့တာပါ။
Boko Haram အဖွဲ့ဟာ al-Qaida နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ ပြင်သစ်သမ္မတက ပြောကြားခဲ့ပြီး သတင်းအချက်အလက်တွေကို ဖလှယ်ဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့အတွက် အာဖရိကခေါင်းဆောင်တွေအနေနဲ့ ပြည့်စုံတဲ့ အစီအစဉ်တခုလုပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ဂျီးရီးယား သမ္မတ Goodluck Jonathan ကလည်း Boko Haram စစ်သွေးကြွအဖွဲ့ဟာ နိုင်ငံတွင်း အကြမ်းဖက်အဖွဲ့တခု မဟုတ်တော့ဘဲ အနောက် အာဖရိကရဲ့ al-Qaida အဖွဲ့တခုအနေနဲ့ လှုပ်ရှားနေတယ်လို့ ပြောကြားသွားပါတယ်။ ပျောက်ဆုံးနေဆဲ ကျောင်းသူမိန်းကလေးတွေကို ပြန်ရှာတွေ့နိုင်ဖို့ နိုင်ဂျီးရီးယားအစိုးရက သန္နိဌာန်ချထားပြီး မိန်းကလေးတွေ ဖမ်းခေါ်သွားခံရတဲ့ နိုင်ဂျီးရီးယား မြောက်ပိုင်းမှာ တပ်အင်အား ၂ သောင်းချထားတယ်လို့ ဆိုခဲ့ပါတယ်။
ခုလို အာဖရိကခေါင်းဆောင်တချို့ ပြင်သစ်နိုင်ငံမှာ ဆွေးနွေးမှု မစခင် နာရီပိုင်းအလိုမှာပဲ နိုင်ဂျီးရီးယားနဲ့နယ်စပ်နားက Cameroon နိုင်ငံထဲမှာ Boko Haram စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့ကြပါတယ်။
Waza မြို့က တရုတ်အင်ဂျင်နီယာကုမ္ပဏီရဲ့ စခန်းတခုကို တိုက်ခိုက်ခဲ့တာမှာ ၁ ယောက် သေဆုံးခဲ့ပါတယ်။ တရုတ်အလုပ်သမား ၁၀ ယောက်လည်း ပျောက်ဆုံးနေပြီး စစ်သွေးကြွတွေ ပြန်ပေးဆွဲသွားတယ်လို့ ယုံကြည်ရပါတယ်။