သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Yorkတက္ကသိုလ် နှစ်ခု မှာ ဝင်ငွေနည်းကျောင်းသားတွေ အခမဲ့ပညာသင်ခွင့်ရမည်


နယူးယောက်ပြည်နယ်အတွင်းက အလယ်အလတ်နဲ့ အောက်ခြေ ဝင်ငွေရှိတဲ့ ကျောင်းသားတွေအနေနဲ့ နယူးယောက်မြို့ တက္ကသိုလ် (CUNY) နဲ့ နယူးယောက်ပြည်နယ် တက္ကသိုလ် (SUNY) တို့မှာ အခမဲ့ ကျောင်းတက်ခွင့်ရမယ့် အဆိုပြုချက်ကို ပြည်နယ်လွှတ်တော် အမတ်တွေက အတည်ပြုလိုက်ပါပြီ။

Excelsior Scholarship Program - အဆင့်မြင့် ပညာသင်ထောက်ပံ့ကြေး အစီအစဉ်လို့ အမည်ပေးထားတဲ့ ဒီ အစီအစဉ်သစ်ဟာ တနင်္ဂနွေနေ့က အတည်ပြုပေးလိုက်တဲ့ ၂၀၁၈ ခုနှစ် ပြည်နယ် ဘတ်ဂျက်ထဲမှာ ထည့်သွင်းထားချက်အရ ဖြစ်ပေါ်လာတာပါ။

၂၀၁၇ ခုနှစ် နွေဦးရာသီ ပညာသင်နှစ်မှာ စတင်မယ့် ဒီအစီအစဉ်အရ မိသားစု တခုအတွင်း ဒေါ်လာ ဝင်ငွေ တသိန်းအောက် ရှိသူတွေအနေနဲ့ အခမဲ့ ပညာသင်ကြားခွင့် ရကြမှာ ဖြစ်ပါတယ်။ အဲဒီ ဝင်ငွေ ကန့်သတ်မှုဟာ ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ တသိန်း တသောင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ ဒေါ်လာ တသိန်း နှစ်သောင်း ငါးထောင် ဖြစ်ပါတယ်။

အခမဲ့ ပညာသင်ကြားခွင့် ရဖို့အတွက် ကျောင်းသားတဦးအနေနဲ့ တနှစ်မှာ ဘာသာရပ်အလိုက် သတ်မှတ်ထားတဲ့ စုစုပေါင်း Credit ၃၀ ရဖို့ သင်ယူရမှာဖြစ်ပြီး ဘွဲ့ရပြီးသွားတဲ့နောက် သူတို့ အခမဲ့ ပညာသင်ကြားခွင့် ရရှိခဲ့တဲ့ နှစ်အရေအတွက်နဲ့အညီ နယူးယောက် ပြည်နယ်အတွင်းမှာပဲ နေထိုင်၊ အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကြောင့် ပြည်နယ်အတွင်းက ကောလိပ်ကျောင်းသား စုစုပေါင်း အရေအတွက် ၇၅% နဲ့ ညီမျှတဲ့ ကျောင်းသား ၉ သိန်းခွဲနီးပါး အခမဲ့ ပညာသင်ကြားခွင့် လျှောက်ထားနိုင်ကြမယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။

New Yorkတက္ကသိုလ် နှစ်ခု မှာ ဝင်ငွေနည်းကျောင်းသားတွေ အခမဲ့ပညာသင်ခွင့်ရမည်
please wait

No media source currently available

0:00 0:00:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG