သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာဂနာလွတ်မြောက်ရေး နိုင်ငံတကာလူရွှင်တော်တွေ တောင်းဆို


ဇာဂနာလွတ်မြောက်ရေး နိုင်ငံတကာလူရွှင်တော်တွေ တောင်းဆို
ဇာဂနာလွတ်မြောက်ရေး နိုင်ငံတကာလူရွှင်တော်တွေ တောင်းဆို

အကျဉ်းကျနေတဲ့ လူရွှင်တော် ဇာဂနာ လွတ်မြောက်ရေးအတွက် နိုင်ငံတကာက လူရွှင်တော်တွေ တောင်းဆိုလှုပ်ရှားနေကြရာမှာ နယူးဇီလန်နိုင်ငံက လူရွှင်တော်တွေလည်း ပါဝင်လာကြတယ်လို့ Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပြောပါတယ်။ ထင်ရှားတဲ့ လူရွှင်တော်တွေဖြစ်ကြတဲ့ Michele A’ Court နဲ့ Jeremy Elwood တို့ဟာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International က ဦးဆောင်လှုပ်ရှားနေတဲ့ ဇာဂနာ လွတ်မြောက်ရေး အစီအစဉ်မှာ ပါဝင်လာကြတာပါ။

ဇာဂနာကို ၂၀၀၈ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ နာဂစ်မုန်တိုင်း စီမံခန့်ခွဲပုံနဲ့ပတ်သက်ပြီး အစိုးရကို ဝေဖန်ခဲ့တဲ့အတွက်ကြောင့် အဖမ်းခံခဲ့ရတာပါ။ ဥရောပက လူရွှင်တော်တယောက်ဖြစ်တဲ့ Michael Mittermeier ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာ ဇာဂနာ ရဲ့အကြောင်းတွေကို စုံစမ်းမေးမြန်းခဲ့တာကို မှတ်တမ်း ရုပ်ရှင်တကား ရိုက်ကူးခဲ့ပါတယ်။

ဒီဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင်ကတော့ ကျနော်နေရတဲ့ ဒီအကျဉ်းထောင် လို့ အဓိပ္ပါယ်ရတဲ့ This Prison Where I Live ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား မိတ်ဆက် အထူးပွဲပြသရာမှာ နယူးဇီလန် လူရွှင်တော်တွေ ဖြစ်ကြတဲ့ Michele နဲ့ Jeremy တို့က ရယ်စရာ အခွင့်အရေးအတွက် ရပ်တည်ကြဖို့ ပြောကြားသွားပြီး လွတ်လပ်စွာ ဖော်ပြပြောဆိုပိုင်ခွင့်ဟာ လူ့အခွင့်အရေးအတွက်သာမက လူသားဟာ ကိုယ့်ကိုယ်ကိုယ် ရယ်စရာလုပ်နိုင်ဖို့ အတွက်လည်း အရေးကြီးလှပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ မကြာမီ ဇာဂနာ အကြောင်းရိုက်ကူးထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ကြရတော့မှာပါ။

XS
SM
MD
LG