သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်မှုနဲ့ လူ့အခွင့်ရေးကာကွယ်ဖို့ ဘန်ကီမွန်း တိုက်တွန်း


လွတ်လပ်မှုနဲ့ လူ့အခွင့်ရေးကာကွယ်ဖို့ ဘန်ကီမွန်း တိုက်တွန်း
လွတ်လပ်မှုနဲ့ လူ့အခွင့်ရေးကာကွယ်ဖို့ ဘန်ကီမွန်း တိုက်တွန်း

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာနဲ့အဝန်း လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး တွေကို ကာကွယ်စောင့်ရှောက်သွားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ထပ်မံတိုက်တွန်းလိုက်ပါတယ်။ သွေးထွက်သံယို အကြမ်းဖက်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေအပေါ် အခြေခံပြီး ရာဇဝတ်မှုအဖြစ် ပြစ်ဒဏ်ခတ်နေတာတွေ အဆုံးသတ်စေဖို့လည်း သောကြာနေ့က နယူးယောက်မြို့မှာကျင်းပတဲ့ အခမ်းအနားအတွင်း အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာပါ။

လူတိုင်း တန်းတူအခွင့်အရေး ရရှိဖို့နဲ့၊ အာဖရိကတိုက်က နိုင်ငံ အများအပြားအပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်မှာ လိင်တူချင်း ဆက်ဆံမှုတွေဟာ ရာဇဝတ်မှုအဖြစ် လက်ခံထားတာတွေဟာ မမှန်ကန်ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ်၊ လူမှုရေးအရဖြစ်ဖြစ် လက်မခံနိုင်တာကြောင့် ဖမ်းဆီးထိန်းသိမ်းတာ၊ ခြိမ်းခြောက်တာ၊ ညှင်းပမ်းနှိပ်စက်တာတွေ လုပ်စရာ အကြောင်းမရှိဘူးလို့လည်း ပြောပါတယ်။ လိင်တူဆက်ဆံသူတွေအပေါ် ရာဇဝတ်သားတွေအဖြစ် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ အာဖရိကနိုင်ငံက ခေါင်းဆောင်တွေကို တောင်းဆိုထားကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာပါ။

မှန်ကန်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ အခွင့်အလန်းရသမျှ သူရောက်လေရာနေရာမှာ ဆက်လက် ပြောဆိုသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ခြိမ်းခြောက်မှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ တချို့ဆို အသက်ဆုံးရှုံးမှုတွေအထိ ကြုံခဲ့ကြရတဲ့ လူ့အခွင့်အရေး အကာအကွယ် ပေးသူတွေကို အလေးထား အာရုံစိုက်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ကို ကုလသမဂ္ဂက လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG