သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုးရွားဆုံး အာဏာရှင် အစိုးရတွေထဲမှာ မြန်မာနိုင်ငံ စာရင်းဝင်


အဆိုးရွားဆုံး အာဏာရှင် အစိုးရတွေထဲမှာ မြန်မာနိုင်ငံ စာရင်းဝင်
အဆိုးရွားဆုံး အာဏာရှင် အစိုးရတွေထဲမှာ မြန်မာနိုင်ငံ စာရင်းဝင်

အမေရိကန်နိုင်ငံက နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ လွတ်လပ်မှုတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့က ကမ္ဘာတခုလုံးရဲ့ လွတ်လပ်မှုဟာ မနှစ်က ဆုတ်ယုတ်လာခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ဆုတ်ယုတ်လာခဲ့ရတာဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဝေဖန် ဆန့်ကျင်မှု အားနည်းလာတဲ့အတွက် အာဏာရှင် အစိုးရတွေက အာဏာပိုရှိလာတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ အခွင့်အရေး လွတ်လပ်မှု အဆိုးတကာ့ အဆိုးဆုံးနိုင်ငံ ၄၇ နိုင်ငံထဲမှာ ပါဝင်တယ်လို့ ဆိုထားပါတယ်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီအဖွဲ့ရဲ့ နှစ်စဉ် အစီရင်ခံစာမှာ Freedom House အဖွဲ့ကြီးက ၂၀၁၀ မှာ ကမ္ဘာပေါ်မှာ လွတ်လပ်မှုတွေ ဆုတ်ယုတ်လာတယ်၊ အခုလို ဆုတ်ယုတ်လာတာဟာ ၅ နှစ်ဆက်တိုက် ရှိလာပြီလို့ ဆိုထားပါတယ်။

ဒီအဖွဲ့ရဲ့ သုတေသန ညွှန်ကြားရေးမှူး အက်ရှ် ပရက်တင်တန်က ဒီလိုဖြစ်ခဲ့တဲ့ အဆိုးဆုံး ဖြစ်ရပ်ထဲမှာ မနှစ်က တရုတ်နိုင်ငံဟာ သူ့နိုင်ငံ အတိုက်အခံ ပညာရှင် လျူရှောင်ဘို (Liu Xiaobo) ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရတာကို ဒေါသတကြီး တုံ့ပြန်ခဲ့တာလည်း ပါတယ်လို့ ဆိုပါတယ်။

ကြေညာချက် တခုထဲမှာတော့ ဘယ်အစိုးရကမှ ဆိုဗီယက်တို့၊ နာဇီ ဂျာမနီတို့တုန်းကတောင်မှ ဒီ နိုဘယ်လ်ဆုပေါ်မှာ အခုလို ရိုင်းရိုင်းပြပြ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ရုရှားနိုင်ငံမှာလည်း စိတ်ပျက်စရာ ဖြစ်ခဲ့တယ်၊ ရုရှား ရေနံသူဌေးကြီးနဲ့ အစိုးရ ဝေဖန်သူ မစ်ခေး ကိုဒိုကော့စကီးကို ထောင်ချတာက သက်သေပြနေတယ်လို့ ဆိုပါတယ်။

ဗင်နီဇွဲလား သမ္မတ ဟူဂို ရှာဗက် (Hugo Chavez) က သမ္မတ အမိန့်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဥပဒေပြု အဖွဲ့က ခွင့်ပြုလိုက်တာကိုလည်း ဝေဖန် ဆန့်ကျင်ထားပါတယ်။

အဖွဲ့ဥက္ကဋ္ဌ ပရက်တင်တန်က ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေက ဝေဖန်ထုတ်ဖော်မှုတွေ မလုပ်ရင် အာဏာရှင်တွေ ပိုပြီး အရှိန်ရလာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

XS
SM
MD
LG