သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းနဲ့ပြည်နယ် ဒေသတချို့ အင်တာနက် ပိတ်ပင်ကန့်သတ်ခံနေရဆဲ



[[Zawgyi/Unicode]]

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၂ နှစ် ဆက်တိုက် ကျဆင်းနေတဲ့အကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ဒီနေ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လက်ရှိအချိန်ထိလည်း မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသတချို့မှာ အင်တာနက်ပိတ်ပင် ကန့်သတ်ထားတာတွေကြောင့် နေ့စဉ်လူမှုဘဝတွေမှာ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း အပြည့်အစုံ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ်တချို့မှာ အင်တာနက်လိုင်းတွေကို လုံးဝပိတ် ထားတာရှိသလို အင်တာနက်မြန်နှုန်း လျှော့ချတာတွေလည်း ရှိနေပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဆိုရင်လည်း အာဏာသိမ်းပြီးကတည်းက အခုအချိန်ထိ အင်တာနက်လိုင်းတွေ သုံးမရတာကြောင့် နေ့စဉ်လူမှုဘဝတွေမှာ အခက်ကြုံနေရတယ်လို့ ပလက်ဝ ဒေသခံ ဆလိုင်းတင်အောင်က ပြောပါတယ်။

“အဓိကတော့ မျက်စိ ပိတ်ထားသလိုမျိုး ဖြစ်နေတယ်နော်၊ နိုင်ငံရေး စံချိန်စံညွန်းနဲ့မညီဘူး။ မြို့အင်္ဂါရပ်နဲ့ မညီဘူးလေ။ အင်တာနက်မရတော့ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အကုန်လုံး နောက်ကျနေတယ်ပေါ့။ နောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မျက်လုံးမမြင်သလို ဖြစ်သွားပြီလေနော် အကုန်လုံးက။”

ဒါ့အပြင် ရခိုင်မြောက်ပိုင်းမှာဆိုရင်လည်း ပြီးခဲ့တဲ့ ၂၀၁၉ ကစလို့ တနှစ်ကျော်ကြာ အင်တာနက်ပိတ်ပင်တာခံခဲ့ရသလို နောက်ပိုင်း ပြန်ဖွင့်ပေးတယ်ဆိုပေမယ့်လည်း လက်ရှိအချိန်ထိ အင်တာနက်သုံးလို့မရတဲ့ နေရာတွေ ရှိနေဆဲဖြစ်သလို အသုံးပြုလို့ရတဲ့နေရာတွေမှာလည်း အကန့်အသတ်တွေနဲ့ ခက်ခဲနေသေးတယ်လို့ ရခိုင်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ ဒါက မြန်မာတနိုင်ငံလုံးက ကြုံတွေ့နေရတဲ့ ကိစ္စဖြစ်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ 4G အင်တာနက် ပြန်မရအောင် လုပ်လိုက်တာမျိုးတွေ၊ တချို့ရွာတွေမှာဆိုရင် လုံးဝ လိုင်းသုံးလို့မရတဲ့ အနေအထားတွေ ရှိတယ်။ တချို့ mobile Data တွေနဲ့ဆိုရင် နယ်တွေမှာ ကွန်ပြူတာတွေဝင်မရဘူး။ ပြီးတော့ WIFI နဲ့ မဟုတ်ဘဲ Mobile Data နဲ့ ဖုန်းသုံးမယ်ဆိုရင် VPN ခံရတယ်။ ရခိုင်မှာတခုရှိတာက ဖုန်းမှာ VPN ဆော့ဝဲလ် တွေ့ရင်လည်း ဖုန်းကို သိမ်းသွားတာတွေ ရှိတယ်။”

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တိုက်ပွဲ ပြန်ဖြစ်ပွားနေတဲ့ ဘူးသီးတောင် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာဆိုရင် အင်အာနက်အပါအဝင် ဆက်သွယ်ရေးလိုင်းတွေကို မကြာခန ပိတ်ပင်တာ ခံနေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာဆိုရင်လည်း အခုအချိန်ထိ အင်တာနက်လိုင်းတွေ သုံးမရဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းဒေသခံတဦးကပြောပါတယ်။

“ အခုတော်တော်ကြာပြီ။ အင်တာနက်သုံးမရတာ။ လိုင်းကမကောင်းဘူး။ လိုင်းက တခါတခါ ဖုန်းလိုင်းတောင် မကောင်းဘူး။ အင်တာနက်က။ အာဏာသိမ်းပြီးကတည်းက ကြာလှပြီ အဲဒါက။ အရင်က ပိုက်ဆံတွေဆိုရင်လည်း Kpayတွေ ဘာတွေက ထုတ်ကြတယ်။ Waymoney ကနေ ထုတ်ကြတာ။ အခုဘာမှမရတော့ဘူး။ သတင်းတွေလည်း ဘာမှ ကြည့်မရတော့ဘူး၊ ကျန်းမာရေးပဲဖြစ်ဖြစ် ဘာသတင်းမှ ကြည့်မရတော့ ဘာဖြစ်နေလဲ မသိတော့ တော်တော်ဆိုးပါတယ် အဲဒါက။”

နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့တခုဖြစ်တဲ့ Freedom House ရဲ့ အမှတ်ပေး သတ်မှတ်ချက်အရ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ နောက်ထပ် ၅ မှတ်ထိုးကျသွားပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ၁၉ မှတ် ကျဆင်းသွားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝက်ဘ်ဆိုက်ဒ် ၁,၂၀၀ ကျော် ပိတ်ပင်ခံခဲ့ရသလို လူမှုကွန်ယက်တွေ အသုံးပြုခွင့် ပိတ်ပင်တာ၊ အင်တာနက် ဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့တဲ့အကြောင်း အစီရင်ခံစာက ရေးသားထားပါတယ်။
#FreedomHouse #အင်တာနက်လွတ်လ

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]











XS
SM
MD
LG