သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဂြိုဟ်တုဓါတ်ပုံမှာ အိန္ဒိယသမုဒ္ဒရာတွင်း မျောနေတဲ့ပစ္စည်းများတွေ့


သီတင်း ၃ ပတ်ကြာ ပျောက်နေဆဲ မလေးရှားလေကြောင်းလိုင်း MH370 ကို ရှာဖွေနေတဲ့ ဧရိယာအကျယ်အဝန်းပြ မြေပုံ။
သီတင်း ၃ ပတ်ကြာ ပျောက်နေဆဲ မလေးရှားလေကြောင်းလိုင်း MH370 ကို ရှာဖွေနေတဲ့ ဧရိယာအကျယ်အဝန်းပြ မြေပုံ။
အိန္ဒိယသမုဒ္ဒရာ တောင်ဘက်အခြမ်းမှာ ရေပေါ် ပေါ်နေတဲ့ အရာဝတ္ထုတွေကိုမြင်ရတဲ့ ဂြိုဟ်တုဓါတ်ပုံတွေကို ပြင်သစ်နိုင်ငံကနေ ရရှိတယ်လို့
မလေးရှားတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ပြင်သစ်ဂြိုဟ်တုက တွေ့တဲ့အရာတွေဟာ သစ်သားနဲ့လုပ်ထားတဲ့ အပြားတခုအပါအဝင် အပိုင်းအစတွေကို အရပ်ဘက်လေယာဉ်တခုပေါ်ကနေ စနေနေ့က တွေ့ရှိတဲ့နေရာမှာပဲ ဖြစ်ပါတယ်။

Australia နဲ့ တရုတ်ဂြိုဟ်တုတွေကနေ ရေပေါ်မျောနေတဲ့ အရာဝတ္ထကြီးတွေကို တွေ့ထားတဲ့နေရာနဲ့လည်း သိပ်မဝေးဘူးလို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန် အသိပေးခဲ့တာပါ။

မလေးရှားကနေ တရုတ်နိုင်ငံအသွား မလေးရှားလေကြောင်းလိုင်းလေယာဉ် ပျောက်သွားတာ အခုဆိုရင် သီတင်း ၃ ပတ်ထဲ ဝင်ရောက်လာပါပြီ။ ရေပေါ်မှာ ပေါ်နေတဲ့ အပိုင်းအစတွေ တွေ့ရှိထားရာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ဒီကနေ့မှာလဲ အာရုံစိုက်ပြီး ရှာဖွေနေကြပါတယ်။

အဲဒီနေရာဘက်ကို စနေနေ့က သွားရှာတဲ့ New Zealand စစ်လေယာဉ် တစင်းကတော့ ရေညှိတွေကိုပဲ တေ့ွခဲ့ပါတယ်။

အခုလို ဂြိုဟ်တုဓါတ်ပုံတွေ ထပ်ရလာတာဟာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ကို ရှာတွေ့နိုင်ရေးအတွက် မျှော်လင့်ချက်တွေ ပို တိုးစေတယ်လို့ သြစတြေးလျဝန်ကြီးချုပ် Tony Abbott က ဒီကနေ့ ပြောလိုက်ပါတယ်။

Australia နိုင်ငံ၊ Perth မြို့ရဲ့ အနောက်တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲမှာ လေယာဉ်ပျောက်ရှာဖွေရေးကို Australia က နိုင်ငံစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG