သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု စီစဉ်သူ ဆယ်ကျော်သက်တဦးကို ပြင်သစ် အာဏာပိုင်တွေ ဖမ်း


ပြင်သစ်ရဲ
ပြင်သစ်ရဲ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အကြမ်းဖက်မှုတိုက်ခိုက်မှု တခု လုပ်လာနိုင်တဲ့ အသက် ၁၅ နှစ်အရွယ် လူငယ်တဦးကို အကြမ်းဖက်မှု လုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သံသယနဲ့ ပြင်သစ်ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

Notre Dame Cathedral ဘုရားကျောင်းနဲ့ တခြားနေရာကို တိုက်ခိုက်ဖို့ မလုပ်ခင် မှာပဲ အမျိုးသမီး အထူးတိုက်ခိုက်ရေးသမား တွေ ပါတဲ့ အဖွဲ့တဖွဲ့ကို ဖမ်းဆီးလိုက်နိုင်တယ်လို့ ပဲရစ်မြို့က အစိုးရရှေ့နေက ပြောကြားခဲ့ပြီး နောက် ၂ ရက်အကြာ စနေနေ့မှာ အခုလို ဆယ်ကျော်သက် လူငယ်ကို ဖမ်းဆီးလိုက်တာပါ။

ဒီလူငယ်ဟာ လူအများသွားလာတဲ့ နေရာမှာ ဓါးနဲ့ တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ထောက်လှန်းရေးတွေက သံသယရှိခဲ့တာပါ။ ဒါပေမယ့် ဘယ်နေရာမှာ တိုက်ခိုက်ဖို့ လုပ်နေသလဲ ဆိုတာကိုတော့ အာဏာပိုင်တွေက ထုတ်မပြောပါဘူး။

ပြင်သစ်ဝန်ကြီးချုပ် Manuel Valls က နေ့တိုင်းလိုလို တွေ့နေရတဲ့ တိုက်ခိုက်မှုတွေကို တားဆီးနိုင်တယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပြီး မကြာခင်မှာပဲ အခုလို ဆယ်ကျော်သက် တဦး အဖမ်းခံရတဲ့ သတင်းထွက်လာတာပါ။

ပြင်သစ်နိုင်ငံမှာ အစွန်းရောက် အယူအဆ ရှိတယ်လို့ သံသယဖြစ်ရတဲ့ လူပေါင်း တသောင်းခွဲလောက်ကို ခြေရာခံလိုက်နေရသလို လူပေါင်း ၁၃၅၀ ကို စုံစမ်းစစ်ဆေးနေပြီး အဲဒီထဲက ၂၉၃ ယောက်ဟာ အကြမ်းဖက်ကွန်ယက် အဖွဲ့နဲ့ ဆက်နွယ်နေတယ်လို့ စွပ်စွဲထားကြောင်း လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ပြင်သစ်နိုင်ငံဟာ Nice မြို့က လူပေါင်း ၈၆ ယောက် သေဆုံးခဲ့ရတဲ့ ထရပ်ကားနဲ့ တိုက်ခိုက်မှု အပါအဝင် ဒီနှစ်ထဲမှာပဲ အကြမ်းဖက် တိုက်ခိုက်မှု ၃ ကြိမ်ခံခဲ့ရပြီး တဲ့နောက်မှာ အရေးပေါ် အခြေနေ ကြေညာထားတာပါ။ မနှစ်ကတော့ တိုက်ခိုက်မှု ၂ ကြိမ် ခံခဲ့ရပြီး နိုဝင်ဘာ ၁၃ ရက် တိုက်ခိုက်မှုမှာတော့ လူပေါင်း ၁၃၀ သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG