သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် အကြမ်းဖက်သမားတွေ ရဲတပ်ဖွဲ့ ချေမှုန်းလိုက်ပြီ

Police officers storm the kosher grocery store where a gunman held several hostages, in Paris, Jan. 9, 2015.
1/10 Police officers storm the kosher grocery store where a gunman held several hostages, in Paris, Jan. 9, 2015.
French security officers take cover behind vehicles as they surround a building in Dammartin-en-Goele, northeast of Paris, where the two brothers suspected in a deadly terror attack were cornered, Jan. 9, 2015.
2/10 French security officers take cover behind vehicles as they surround a building in Dammartin-en-Goele, northeast of Paris, where the two brothers suspected in a deadly terror attack were cornered, Jan. 9, 2015.
Security officers escort released hostages after they stormed a kosher market to end a hostage situation, Paris, Jan. 9, 2015.
3/10 Security officers escort released hostages after they stormed a kosher market to end a hostage situation, Paris, Jan. 9, 2015.
French President Francois Hollande addresses the nation at the Elysee Palace in Paris, France, Jan. 9, 2015.
4/10 French President Francois Hollande addresses the nation at the Elysee Palace in Paris, France, Jan. 9, 2015.
An armed member of the French riot police (CRS) takes up position at Porte de Vincennes in Paris, Jan. 9, 2015, after at least one person was injured when a gunman opened fire at a kosher grocery store and took at least five people hostage.
5/10 An armed member of the French riot police (CRS) takes up position at Porte de Vincennes in Paris, Jan. 9, 2015, after at least one person was injured when a gunman opened fire at a kosher grocery store and took at least five people hostage.
جرمنی کے شہر میونخ میں ایک شاپنگ سینیٹر میں فائرنگ سے ہلاکتوں کی تعداد نو ہو گئی ہے۔
6/10 جرمنی کے شہر میونخ میں ایک شاپنگ سینیٹر میں فائرنگ سے ہلاکتوں کی تعداد نو ہو گئی ہے۔
A security officer directs released hostages after they stormed a kosher market to end a hostage situation, Paris, Jan. 9, 2015.
7/10 A security officer directs released hostages after they stormed a kosher market to end a hostage situation, Paris, Jan. 9, 2015.
A helicopter flies over a building, where the suspects of a shooting at a Paris newspaper office were holed up, after security forces stormed it in Dammartin-en-Goele, France, Jan. 9, 2015.
8/10 A helicopter flies over a building, where the suspects of a shooting at a Paris newspaper office were holed up, after security forces stormed it in Dammartin-en-Goele, France, Jan. 9, 2015.
Police officers arrive at a hostage-taking situation at a kosher market, in Paris, Jan. 9, 2015.
9/10 Police officers arrive at a hostage-taking situation at a kosher market, in Paris, Jan. 9, 2015.
French gendarmes block the access to the city of Dammartin-en-Goele, France, on Jan. 9, 2015.
10/10 French gendarmes block the access to the city of Dammartin-en-Goele, France, on Jan. 9, 2015.
Previous slide
Next slide

ပဲရစ်မြို့တော် မြောက်ပိုင်းက ဝင်ရောက်စီးနင်းမှုအတွင်း အကြမ်းဖက်သမားတွေ ဖမ်းထားတဲ့ ဓားစာခံ လွတ်မြောက်ခဲ့ပြီး အခုအပတ်အတွင်း Charlie Hebdo မဂ္ဂဇင်းရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့သူ အကြမ်းဖက်သမား နှစ်ယောက် ကတော့ သေဆုံး သွားကြောင်း ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။ ပဲရစ်မြို့ ကော့ရှာ စူပါမားကတ်အတွင်း ဓားစာခံတွေကို ဖမ်းဆီး ထားတဲ့ သေနတ်သမားတဦးလည်း ဝင်ရောက် စီးနင်းမှု အတွင်း သေဆုံး သွားပါတယ်။ ဒီစီးနင်းမှုအတွင်း ဓားစာခံ လေးဦး သေဆုံးခဲ့ကြောင်း လည်း အာဏာပိုင်တွေက ပြောပါတယ်။

မြိုတော် ပဲရစ်နဲ့ မြောက်ပိုင်းက Dammartin en Goele မြို့တွေကို တချိန်တည်းမှာ ရဲလုံခြုံရေးတွေက နေ့လည်ဘက် ဝင်ရောက် စီးနင်းရာမှာ သေနတ် သံတွေ ပေါက်ကွဲသံတွေကို ကြားရပါတယ်။ ပဲရစ်က ရုပ်ပြောင် ကာတွန်းနဲ့ သရော် စာတွေရေးတဲ့ မဂ္ဂဇင်းတိုက်ကို ဝင်ရောက်စီးနင်းသူတွေအဖြစ် သံသယရှိထားတဲ့ အကိုဖြစ်သူ Cherif နဲ့ Said Kouachi တို့ဟာ သူတို့ပုန်းအောင်းနေတဲ့ ပစ္စည်း သိုလှောင်တဲ့ ဂိုဒေါင်မှာ ရဲတွေနဲ့ တွေ့ဆုံပြီး အပြန်အလှန်ပစ်ခတ်ခဲ့တာပါ။

ရဲအင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမှုအတွင်း အဲဒီ့အကြမ်းဖက် သမား နှစ်ဦး သေဆုံးသွား တာပါ။ ပဲရစ်မြို့က ဂျူးရပ်ကွက် လို့လည်း သိကြတဲ့ Porte de Vincennes နားက စူပါမားကက်ကိုလည်း လုံခြုံရေးတွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။ Kouachi ညီအကိုကို ကူညီခဲ့တယ်လို့ ယုံကြည်ရသူ သေနတ်သမားတဦး အဲဒီစီးနင်းမှုအတွင်း သေဆုံးခဲ့ပြီး အဲဒီ့သေနတ်သမားက ဓါးစာခံတွေအဖြစ် ဖမ်းဆီးထားသူ ငါးဦးထဲက လေးဦး သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ချိန်မှာ ဘယ်လိုသေဆုံးခဲ့လည်းဆိုတာတော့ သေချာမသိရသေးပါဘူး။

သောကြာနေ့ညနေက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြင်သစ် သမ္မတ Francois Hollande က အကြမ်းဖက်သမားတွေကို တိုက်ခိုက်ခဲ့တဲ့ လုံခြုံရေးတွေကို ချီးကျူးစကားပြောဆိုလိုက်ပြီး ပြင်သစ် လူထုအနေနဲ့ အခြေအနေကို သတိထားဖို့၊ အကြမ်းဖက်မှုဆန့်ကျင်ရေး၊ လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်ပြီး ညီညွတ်ဖို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမား ကလည်း သောကြာနေ့က Tenessee ပြည်နယ်ကိုရောက်ရှိစဉ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ပြင်သစ်နဲ့အတူ ရပ်တည်သွားမှာဖြစ်ပြီး လိုအပ်သမျှအကူအညီပေးသွားမယ်လို့ ပြောပါတယ်။

XS
SM
MD
LG