နိုင်ဂျီးရီးယားနိုင်ငံက အစွန်းရောက်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ Boko Haram ကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတဲ့ ထိပ်သီးဆွေးနွေးပွဲတရပ် အခု သီတင်းပတ်ကုန်ပိုင်းမှာ ပြုလုပ်ဖို့အတွက် ပြင်သစ်သမ္မတ Francois Hollande က အာဖရိက ခေါင်းဆောင်တွေကို တောင်းဆိုတိုက်တွန်းနေပါတယ်။
ဒီအဖွဲ့ဟာဆိုရင် ပြီးခဲ့တဲ့လက နိုင်ဂျီးရီးယားကျောင်းသူ သုံးရာကျော်ကို ပြန်ပေးဆွဲ ဖမ်းဆီးခဲ့တာကြောင့် တကမ္ဘာလုံးက ဒီလုပ်ရပ်ကို အတော်လေး ဒေါသဖြစ်ခဲ့ကြပါတယ်။ ဒီ ထိပ်သီးအစည်းအဝေးကို နိုင်ဂျီးရီးယားသမ္မတ Goodluck Jonathan နဲ့ အတူ ပြုလုပ်ကြဖို့ Azerbaijan က Baku ကို သွားရောက်နေတဲ့ ခရီးစဉ်အတွင်းမှာပဲ ပြင်သစ်သမ္မတက အဆိုပြုခဲ့တာပါ။
Boko Haram အဖွဲ့ရဲ့ ဖမ်းဆီးမှုခဲ့ရတဲ့ အမျိုးသမီးအချို့ လွတ်မြောက်ခဲ့တယ်ဆိုပေမယ့် ၂၇၆ ဦးကတော့ ထိမ်းသိမ်းခံထားရဆဲပါ။ စစ်သွေးကြွတွေဟာ မိန်းကလေးတွေရဲ့ မိဘတွေကို ပြက်ရယ်ပြုမှုတွေလုပ်ခဲ့သလို မိန်းကလေးတွေကို လူကုန်ကူးဈေးကွက်မှာ ရောင်းချပစ်မယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်ထားပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis ကတော့ မိန်းကလေးတွေအားလုံး ပြန်လွတ်လာဖို့ အခု တနင်္ဂနွေနေ့မှာ ဆုတောင်းပေးပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် David Cameron ကတော့ ဒီ ပြန်ပေးဆွဲမှုဟာ နိုင်ဂျီးရီးယားနဲ့အခြားကမ္ဘာနေရာတွေက အကြမ်းဖက်မှုနဲ့ အစ္စလာမ် ဘာသာရေး အစွန်းရောက်မှု အစိတ်အပိုင်းဖြစ်တယ်လို့ ပြောပါတယ်။