သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတ အစိုးရဖျက်သိမ်း


ပြင်သစ်သမ္မတ Francois Hollande
ပြင်သစ်သမ္မတ Francois Hollande

ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း Francois Hollande ဟာ သူ့ရဲ့ အစိုးရကို တနင်္လာနေ့မှာ ဖျက်သိမ်းလိုက်ပြီး ဒီကနေ့ အင်္ဂါနေ့မှာ အစိုးရသစ်တရပ်ကို ဖွဲ့စည်းဖို့ ဝန်ကြီးချုပ် မန်နျူရယ် ဗော့လဇ် (Manuel Valls) ကို ညွှန်ကြားလိုက်ပါတယ်။

အစိုးရအတွင်း စီးပွားရေးပြန်လည်နိုးထစေရေး လုပ်ငန်းနဲ့ အသုံးစရိတ် လျှော့ချဖြတ်တောက်ရေး ကိစ္စတွေမှာ အဓိကသဘောကွဲလွဲလှုတွေ ဖြစ်ပွားနေချိန်မှာ ဆိုရှယ်လစ် အစိုးရရဲ့ ဖျက်သိမ်းမှုကို သမ္မတက လက်ခံဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အခုနှစ်အတွင်း ပြင်သစ်နိုင်ငံရဲ့ စီးပွားရေးဟာ နှေးကွေးထိုင်းမှိုင်းနေပြီး အလုပ်လက်မဲ့ ဖြစ်ပွားနေမှုနှုန်းကလည်း ၁၀% တဝိုက်မှာ ပဲ ရှိနေခဲ့ပါတယ်။

သမ္မတက အခွန်အတုတ်တွေ ဖြတ်တောက်ပေးမယ်၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ရကိုင်ရတာ အဆင်ပြေချောမွေ့အောင် လမ်းဖွင့်ပေးမှုတွေ၊ စီးပွားရေးအရ အခက်အခဲဖြစ်နေတာတွေကို ကျော်လွှားနိုင်အောင်လုပ်ပေးမယ်လို့ ကတိပြုထားပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်ပြီး ထိုးနှက်မှုတွေနဲ့ ကြုံနေရတာပါ။

အလုပ်လက်မဲ့ကိစ္စဆိုးရွားစေတဲ့ ပြင်သစ်နိုင်ငံရဲ့ စီးပွားရေး မူဝါဒအပေါ် စီးပွားရေးဝန်ကြီးဖြစ်သူ Arnaud Montebourge က မကြာသေးခင်က ဝေဖန်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံရဲ့စီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီး စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့ ဥရောပသမဂ္ဂရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။

XS
SM
MD
LG