သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဝန်ကြီးချုပ် နုတ်ထွက်ပြီး အစိုးရဖျက်သိမ်း


ရာထူးကနုတ်ထွက်သွားတဲ့ ပြင်သစ်ဝန်ကြီးချုပ် Manuel Valls
ရာထူးကနုတ်ထွက်သွားတဲ့ ပြင်သစ်ဝန်ကြီးချုပ် Manuel Valls

ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန် (Francois Hollande) က ပြင်သစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ပါပြီ။

ဝန်ကြီးချုပ် Manuel Valls က တနင်္လာနေ့မှာ သူ့ရဲ့ ဆိုရှယ်လစ် အစိုးရအဖွဲ့နုတ်ထွက်ဖို့ တင်သွင်းတာကို သမ္မတ Hollande က လက်ခံလိုက်ပြီး မနက်ဖြန် အင်္ဂါနေ့မှာ အစိုးရသစ်တရပ်ဖွဲ့စည်းဖို့ ဝန်ကြီးချုပ်ကို တာဝန်ပေးလိုက်ပါတယ်။

စီးပွါးရေးဝန်ကြီး Arnaud Montebourg က ပြင်သစ်ရဲ့မဟာမိတ် ဂျာမနီနိုင်ငံရဲ့ ငွေကြေး အသုံးစရိတ်ဆိုင်ရာ လုပ်ဆောင်မှုတွေကို မေးခွန်းထုတ်ခဲ့တဲ့ အပြင် မကြာသေးခင်ကပဲ ပြင်သစ်နိုင်ငံရဲ့ စီးပွါးရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့နောက်မှာ အခုလို နိုင်ငံရေးအပြောင်းအလဲတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ငွေကြေးဆိုင်ရာ တည်ငြိမ်မှုရှိအောင်လုပ်ဖို့ အီးယူ ဥရောပသမဂ္ဂက ဖိအားပေးတာကို ခံနေရပေမယ့် ဒီလို ချိုးခြံချွေတာရေးလုပ်ဖို့ အီးယူရဲ့ ဖိအားပေးမှုဟာ တကယ်အကျိုးရှိမရှိ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG