သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် အထက်လွှတ်တော်အမတ်အုပ်စု တိုင်ဝမ်ရောက်ရှိ


French Senator Alain Richard leads a group of delegates arriving in Taiwan
French Senator Alain Richard leads a group of delegates arriving in Taiwan

{Zawgyi/Unicode}

ပြင်သစ်အထက်လွှတ်တော်အမတ်တစုဟာ ငါးရက်ကြာခရီးစဉ်နဲ့ တိုင်ဝမ်ကျွန်းမှာ ဒီကနေ့ ရောက်နေပါတယ်။ တရုတ်နိုင်ငံက တိုက်လေယာဉ်တွေ တိုင်ဝမ်လေပိုင်နက်ထဲ အင်အားပြ ကျူးကျော်ဝင်ရောက်ခဲ့အပြီး ရက်ပိုင်းအတွင်းမှာ ပြင်သစ်အမတ်တွေ တိုင်ဝမ်ကိုသွားတာပါ။

အထက်လွှတ်တော်အမတ် Alain Richard ဦးဆောင်တဲ့ အမတ်တွေဟာ တိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ တွေ့ဆုံဖို့ရှိသလို စီးပွားရေးနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေအပြင် ပြည်မရေးရာကောင်စီနဲ့လည်း တွေ့ဖို့ရှိပါတယ်။ မစ္စတာ Richard ဟာ ပြင်သစ် ကာကွယ်ရေးဝန်ကြီးဟောင်းတဦးဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၁၈ ခုနှစ်တွေက လည်း တိုင်ဝမ်ကိုသွားခဲ့ဖူးသလို ပြင်သစ်အထက်လွှတ်တော်တွင်း တိုင်ဝမ်ချစ်ကြည်ရေးအုပ်စုကို ဦးဆောင်သူဖြစ်တယ်လို့ တိုင်ဝမ်အစိုးရအာဘော် တစိတ်တပိုင်းထင်ဟပ်တဲ့ Central News Agency က ရေးထားပါတယ်။

တိုင်ဝမ်ခရီးစဉ်ကိုဖျက်သိမ်းရေး ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Lu Shaye က အထက်လွှတ်တော်အမတ် Richard ဆီ ဖေဖော်ဝါရီလမှာ သတိပေးစာတစောင် ပို့ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ကိုယ်ပိုင် သီးခြားအုပ်ချုပ်ရေးနဲ့နေတဲ့ တိုင်ဝမ်ကျွန်းကို တရုတ်က သူ့ပိုင်နက်အဖြစ် ကြေညာထားပြီး အခုလို ပြည်ပအစိုးရ တာဝန်ရှိသူတွေ သွားတာမျိုးလို နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံတာမျိုးကို ကန့်ကွက်ထားတာကြောင့် ဒီခရီးစဉ်အပေါ် တရုတ်ဘက်က အပြင်းအထန် ဝေဖန် ကန့််ကွက်နိုင်ခြေရှိပါတယ်။

ပြင်သစ် အထက်လွှတ်တော်အမတ်အုပ်စု တိုင်ဝမ်ရောက်ရှိ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်


=======

{Unicode}






#Taiwan #FranceTaiwan #VOABurmese

XS
SM
MD
LG